Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

(Khin U Support Organization-KSO အဖွဲ့သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KSO)
(Khin U Support Organization-KSO အဖွဲ့သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KSO)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ယနေ့နံနက်ပိုင်းက နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ ရှစ်ဦးထက်မနည်းသေဆုံးပြီး အရာရှိ နှစ်ဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Khin U Support Organization-KSO အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၁၄ရက်)နံနက် ၄နာရီခန့်က ရေဦးမြို့ တိုင်းရင်းဆေးရုံမှ အကြမ်းဖက်စစ်ကောင်စီတပ်သည် ယာဥ် လေးစီး၊ ဆိုင်ကယ် ငါးစီးခန့်ဖြင့် မူးမြစ်ကူးတံတားအရှေ့ဘက် ခင်ဦး – ရေဦး လမ်းအတိုင်း မောင်းနှင်လာခဲ့သည်။

ခင်ဦးမြို့နယ် အင်းပတ်ကွေ့အရောက်တွင် ၁၀ဦးခန့် ချထားခဲ့ပြီး အနီးရှိ ရွာသစ်ကုန်းမှ ၂၀ခန့်ပူးပေါင်း၍ အင်းပတ်ကွေ့တွင် မိုင်းရှာဖွေခဲ့ရာ KSOအဖွဲ့ အဆင်သင့်ပြုလုပ်ထားသော မိုင်းလုံးရေ ၁၆လုံးတိတိ တူးဖော်ဖျက်ဆီးခဲ့သည်။

နံနက်၈နာရီချိန်ခန့် နောက်ဆုံး မိုင်း ၂လုံး ပွိုင့်နေရာအား မြေကြီးတူးဆွနေစဥ် KSOအဖွဲ့၊ မြို့နယ်(ပကဖ)နှင့် ဒေါင်းစစ်သည်LDFတို့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ရှစ်ဦးခန့် နေရာတွင်လဲကျသေဆုံး၍ ကျန်အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာများရရှိသွားကြောင်း KSO အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အင်းပတ်ကွေ့စျေးဆိုင်တန်းအနီးတွင် KSOအဖွဲနှင့် မဟာမိတ်အဖွဲ့အဝင်များဖြစ်သော DUGF/Wolf/FAF/ Northern Tiger Groupတို့က ဒရုန်းဖြင့် ဗုံးသီးနှစ်လုံး ချခဲ့၍ နောက်ထပ် အကြမ်းဖက်စစ်သား သုံးဦးခန့် အပြင်းအထန် ထိခိုက်သွားကြောင်း KSO အဖွဲ့က ဆိုသည်။

နံနက်၉နာရီခန့်၌ ခင်ဦးမှ ရေဦးမြို့သို့ပြန်လာခဲ့သော အင်အားအပြည့်ပါ စစ်ကောင်စီတပ်၏ ယာဥ်လေးစီးအား ခင်ဦး – ရေဦးကားလမ်း (မြင်းဒေါင်း-သရက်ပင်စု လမ်းပိုင်း) တစ်လျှောက် ပဒေသာမိုင်း ငါးလုံးတွဲ ၄ကြိမ်၊ စုစုပေါင်း မိုင်းအလုံးရေ ၂၀ခန့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အရာရှိ နှစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကာ သေဆုံးမှုများရှိခဲ့ကြောင်း KSO က အသိပေးသည်။

ယင်း ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်မှုအား မြို့နယ်(ပကဖ)နှင့် KSOအပါအဝင် LDFအဖွဲ့ပေါင်း ၁၄ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထူးကွန်မန်ဒို တပ်သား ၁၀၀ အတွက် လိုအပ်သည့်ပစ္စည်းများတပ်ဆင်ရန် ခန့်မှန်းကုန်ကျငွေ မှာဒေါ်လာလေးသိန်းရှိမည်ဖြစ်သောကြောင့် ဇွန်လကစ၍ ပြည်တွင်း၊ပြည်ပမှပြည်သူများ၏ ထောက်ပံ့မှုကို MRDA ကမေတ္တာရပ်ခံသည်။

သတင်း

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

သတင်း

စစ်ကောင်စီတပ်က တိုက်ပွဲ၌သေဆုံးခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို မြှုပ်နှံခဲ့ရာ ယနေ့(ဇူလိုင် ၁၄ရက်)၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွေ့ရှိကြောင်း ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်​ပြောင်းလဲခဲ့သည်။