Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ သုံးဦးကျဆုံး

စစ်ကောင်စီတပ်က တိုက်ပွဲ၌သေဆုံးခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို မြှုပ်နှံခဲ့ရာ ယနေ့(ဇူလိုင် ၁၄ရက်)၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွေ့ရှိကြောင်း ဖော်ပြထားသည်။

(၂၀၂၁ မတ်လဆန်းပိုင်းကတွေ့ရသော ကောလင်းမြို့မှ အာဏာသိမ်းမှုဆန့်ကျင်သူများ။ ဓာတ်ပုံ-CJ)
(၂၀၂၁ မတ်လဆန်းပိုင်းကတွေ့ရသော ကောလင်းမြို့မှ အာဏာသိမ်းမှုဆန့်ကျင်သူများ။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိခဲ့သည်ဟု Kawlin Revolutionက ဖော်ပြသည်။

ဇူလိုင် ၁၂ရက်မှစ၍ ကောလင်းမြို့နယ် သရက်ခုံရွာသို့ ဒုတိယအကြိမ် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်များသည် ဇူလိုင် ၁၃ရက်တွင် သရက်ခုံရွာ အရှေ့ဘက်လှည်းပွဲရွာသို့ ထွက်ခွာလာရာ ကောလင်း PDF တပ်ရင်း(၁)၊ ကောလင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် Secret Warrior(UG) တို့ ပူးပေါင်းအဖွဲ့က လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထား သည်။

Public Service Announcement
Public Service Announcement

အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီတပ်သည် နှောခုံရွာကို မီးရှို့ခဲ့ပြီးနောက် ကောလင်းမြို့သို့ အပြန်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံကို ကိုးကား၍ Kawlin Revolution က ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၀ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ခန့်ရှိနိုင်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ သုံးဦးကျဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်က တိုက်ပွဲ၌သေဆုံးခဲ့သည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်ရုပ်အလောင်းများကို မြှုပ်နှံခဲ့ရာ ယနေ့(ဇူလိုင် ၁၄ရက်)၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း သုံးလောင်းတွေ့ရှိကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ KSO ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်​ပြောင်းလဲခဲ့သည်။

သတင်း

စစ်ကောင်စီကင်းစခန်းတစ်ခုက သေနတ်ဖြင့်ပစ်၍ အရပ်သားပြည်သူနှစ်ဦး သေနတ်ကျည်ထိမှန်ထားသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။