Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

K4U မှ ဆရာ၊ ဆရာမများဖမ်းဆီးခံရခြင်းနှင့် ကျောင်း သား၊ ကျောင်းသူများ၏လုံခြုံရေးကို စိုးရိမ်လျှက်ရှိပြီး ကုလအပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်တုန့်ပြန်သွားမည်ဟု NUG ထုတ်ပြန်

Kaung For You Education ပညာရေးကျောင်းမှ ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ ကိုယ်ရေးအချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကျောင်းမှ ဆရာ၊ ဆရာမငါးဦးနှင့် ကျောင်းသူတစ်ဦးတို့ ယမန်နေ့(ဇူလိုင် ၁၃)က စစ်ကောင် စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

NUG ထုတ်ပြန်
NUG ထုတ်ပြန်

Kaung For You(K4U)မှ ဆရာ၊ ဆရာမများဖမ်းဆီးခံရခြင်းအပါအဝင် အချက်အလက်များပေါက်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံရေးကို စိုးရိမ်လျှက်ရှိပြီး ကုလအပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်တုန့်ပြန် သွားမည်ဟု NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ယနေ့(ဇူလိုင် ၁၄)တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

အကြမ်းဖက်စစ်အုပ်စုသည် K4U အွန်လိုင်းအခြေပြု ပညာရေးကြောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်လျှက်ရှိသည်ကို တွေ့ရသည်ဟု ဖော်ပြသည်။

Kaung For You(K4U)
Kaung For You(K4U)

K4U အနေဖြင့် မကြာသေးမီက အချက်အလက်များကျိုး ပေါက်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ အွန်လိုင်းအခြေပြုပ ညာရေးကျောင်းတစ်ခုအနေဖြင့် ကိုယ်ရေးအချက် အလက်များကောက်ယူခဲ့ပြီး စနစ်တကျမထိန်းသိမ်းနိုင်ခဲ့ခြင်းသည် အ​​ခြေခံလူ့အခွင့်အရေးတပ်ရပ်ဖြစ်သော ကိုယ်ရေးအချက်အလက်လုံခြုံခွင့် ချိုးဖောက်ခြင်းဖြစ်၍ ထို့အတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုမှ တာဝန်ခံရမည်ဟု ဆိုသည်။

ထို့အတူ ပညာရေးအခွင့်အရေးသည်လည်း အခြေခံလူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ပညာသင်ကြားခြင်း၊ သင်ယူခြင်းကိုအကြောင်းပြု၍ ဖမ်း ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း မပြုအပ်ဘဲ စစ်အုပ်စုမှ ဆရာ၊ ဆရာမများကို ဖမ်းဆီး၊ ခြိမ်းခြောက်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြသည်။

“သူတို့ Data ပေါက်ကြားတဲ့သတင်းကြားကတည်းကနေ MOE ကတော့ ခေါ်ယူမေးမြန်းနေခဲ့တာပါ။ သူတို့အချင်း ချင်းကနေအချက်အလက်ပေါက်ကြားသွားတာဖြစ်ပြီး စကစ ကိုမရောက်သေးဘူး လို့သုံးသပ်ပြီး မြန်မြန်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေစဉ်မှာပဲ ဆရာကောင်းအဖမ်းခံရတဲ့သ တင်းနဲ့အတူ ဆရာ/မ တွေ အဖမ်းခံလာရတာဖြစ်ပါတယ်” ဟု ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က လူထုနွေဦးသို့ ပြော သည်။

Kaung For You Education ပညာရေးကျောင်းမှ ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ ကိုယ်ရေးအချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကျောင်းမှ ဆရာ၊ ဆရာမငါးဦးနှင့် ကျောင်းသူတစ်ဦးတို့ ယမန်နေ့(ဇူလိုင် ၁၃)က စစ်ကောင် စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတွေ့ဆုံမှုတွင် NUG ယာယီသမ္မတက နိုင်ငံ တကာအသိုင်းအဝန်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရေးတိုက်တွန်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကို တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သတင်း

ဖားကန့်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ်ကို စစ်ကြောင်းသုံးကြောင်းဖြင့် နေ့စဥ် နံနက်ရော ညနေပါ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖမ်းဆီးခံရသော သပိတ်စစ်ကြောင်းကို ယာယီ ရပ်နားထားရသည်။

သတင်း

ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို NUG လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပြီး အင်တာနက်အခက်အခဲ​ကြောင့်နှင့် လုံခြုံ​ရေးအ​ခြေအ​နေတို့​ကြောင့်ယ​​နေ့မှ ဓါတ်ပုံထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးဌာနများ၏ ဆေးရုံ။ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်နေရာ ၁၅၀နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ကြောင်း ကြေညာခြင်းဖြစ်သည်။