Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းတွင်းမြစ်အထက်ဆန်တက်လာ​သောစစ်​ကောင်စီ​တပ်ရေယာဥ်အုပ်စုကို PDFများတိုက်ခိုက်

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

(ဇူလိုင် ၁၈ တွင် မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှထွက်လာ​သော ​ရေယာဥ် ၁၃ စီးပါစစ်​ကောင်စီ ​ရေယာဥ်အုပ်စု။ ဓါတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား​ရေး)
(ဇူလိုင် ၁၈ တွင် မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှထွက်လာ​သော ​ရေယာဥ် ၁၃ စီးပါစစ်​ကောင်စီ ​ရေယာဥ်အုပ်စု။ ဓါတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြား​ရေး)

●ဇူလိုင် ၁၈တွင် လက်လုပ် ၉၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ရာ​စစ်ရေယာဥ်တစ်စီးနစ်မြုပ်

ချင်းတွင်းမြစ်အထက်သို့ ဆန်တက်လာသည့်စစ်ကောင်စီရေယာဥ်အုပ်စုကို တိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်းကနီအခြေစိုက် ကျောက်လုံးကြီး PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇူလိုင် ၁၉ ရက်)နေ့လည် ၂နာရီခန့်ကစ၍ကနီမြို့နယ်အပိုင် နတ်ကြီး နှင့် ငါးဖျက် ရွာ တို့ အကြားသုံးကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်ဟုသိရသည်။

“တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဇူလိုင် ၁၈ ရက်ကစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှ စတင်ထွက်ခွာလာသည့် စစ်ကောင်စီ၏ ရေယာဥ်အုပ်စုတွင်အမြန်ယဥ်စစ်သဘော်ကင်း ထောက်ဘုတ်နှစ်စီးအပါအဝင် ရေယာဥ်အစီးရေ ၁၃ စီး နှင့် အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

ထို့အပြင် အဆိုပါရေယာဥ်အုပ်စုကို ယမန်နေ့(ဇူလိုင်၁၈) နံနက်၅ နာရီ ခန့်က မိနစ် ၃၀ ကြာ တိုက်ခိုက်မှု၌ ချိုင်ရွာအနီးအရောက် မော်တော်တစ်စီးမှာ PDF များကလက်လုပ်၉၀မမဖြင့်ပစ်ခန်တိုက်ခိုက်ရာထိမှန်ရာနစ်မြုပ်သွားပြီး ခဲယမ်းကျည်အချို့ ရရှိကြောင်း သိရသည်။

အဆိုပါ ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့ သို့ စစ်ကောင်စီက လက်နက်ခဲယမ်း ရိက္ခာ များကို ပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သ င်္ဘောတစ်စီးနှင့်ပြောက်ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း ၌ဇူလိုင် ပထမ ပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ရုပ်သံဖိုင်တွင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့မှလူငယ်အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်ချင်းစီအား အမည်နေရပ်လိပ်စာပြောခိုင်းကာတုတ်ဖြင့်တင်ပါးကိုတစ်ဦးလျှင်သုံးချက်စီရိုက်ကာ ဒဏ်ပေးနေခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိမရှိကို ဖော်ပြမထားပေ။ စစ်ကောင်စီ သတင်း ပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားသည်ဟု ဆိုသည်။

သတင်း

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး Auto Gun၊ 40 MM၊ Sniper တို့ကို အသုံးပြုကာ နေရာခွဲ၍ တပြိုင်နက်တိုက်ခိုက်ခဲ့သည်ဟု Young Force (UG)က ထုတ်ပြန်ထားသည်။