Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူကိုတုတ်ဖြင့်တင်ပါးကိုရိုက်နှက်ခြင်းအ​ပေါ်ပြည်သူများပစ်တင်​ဝေဖန်

ရုပ်သံဖိုင်တွင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့မှလူငယ်အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်ချင်းစီအား အမည်နေရပ်လိပ်စာပြောခိုင်းကာတုတ်ဖြင့်တင်ပါးကိုတစ်ဦးလျှင်သုံးချက်စီရိုက်ကာ ဒဏ်ပေးနေခြင်းဖြစ်သည်။

(ပြည်သူတစ်ဦးကို​တုတ်ဖြင့်မရိုက်မီမေးမြန်းနေစဥ်)
(ပြည်သူတစ်ဦးကို​တုတ်ဖြင့်မရိုက်မီမေးမြန်းနေစဥ်)

●စစ်​ကောင်စီကိုထောင်ထား​သောမိုင်းကွင်းအနီးသံတိုသံစလာဝယ်သူများသတိ​ပေးချက်ဂရုမပြုဘဲလာသဖြင့်ကြိမ်ဒဏ်​ပေးခြင်းဟုPDFများနှင့်နီးစပ်သူ​ပြော

●စစ်အာဏာရှင်ကို​တော်လှန်​နေသူများကိုယ်တိုင်အာဏာရှင်မဖြစ်ရန်၊ ပြည်သူကိုအထင်မ​သေဘဲ ​စောင့်​ရှောက်​​ပေးကြရန်ပြည်သူများတိုက်တွန်း

စစ်ကိုင်းတိုင်းအတွင်း တစ်နေရာ၌ အရပ်ဝတ်လက်နက်ကိုင်များက အမျိုးသမီးများကို တင်ပါးကိုတုတ်ဖြင့်သုံးချက်စီရိုက်နှက်ဒဏ်ပေးနေသည့်ရုပ်သံဖိုင် ​ဖေစ်ဘွခ်လူမှုကွန်ယက်​ပေါ်တွင်ပျံ့နှံခဲ့ပြီး​နောက် တုတ်ဖြင့်ရိုက်သူအ​ပေါ် ပြည်သူများက ဝေဖန်ပြစ်တင်မှုမြင့်တက်လျက်ရှိသည်။

ရုပ်သံဖိုင်တွင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့မှလူငယ်အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ယောက်ချင်းစီအား အမည်နေရပ်လိပ်စာပြောခိုင်းကာတုတ်ဖြင့်တင်ပါးကိုတစ်ဦးလျှင်သုံးချက်စီရိုက်ကာ ဒဏ်ပေးနေခြင်းဖြစ်သည်။

မည်သည့်နေရာ​ဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို ရုပ်သံဖိုင်တွင် မြင်တွေ့ရခြင်းမရှိပါ။PDF အဖွဲ့တစ်ဖွဲ့က ပြုလုပ်သည်ဟု စွပ်စွဲမှုများလည်း ရှိနေပြီး ဝက်လက်နယ်ဟုပြောဆိုနေကြသည့်အတွက် ဝက်လက်နယ်PDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့နယ်တွင် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ကြသည်။

PDFအဖွဲ့ကသာ ပြုလုပ်သည်ဆိုလျှင် အာဏာရှင်စနစ်ကိုတိုက်ထုတ်နေကြသူများကိုယ်တိုင်က အကြမ်းဖက်စစ်ကောင်စီပုံစံအတိုင်း လိုက်မလုပ်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။

“သဘောပေါက်အောင် အေးဆေးပြောလည်း ရပါတယ်။အာဏာရှင်ကို တိုက်ဖျက်နေတာ အာဏာရှင် မဆန်ကြပါနဲ့။ ရန်သူအပေါ် ကျားပမာပြည်သူ အပေါ် သိုးပမာ ကျင့်ကြံကြပါ။ပြည်သူ့ မေတ္တာရမှ အောင်မြင်မှာပါ။”ဟု ပြည်သူတစ်ဦးက အကြံပြုသည်။

“အာဏာရှင်ကိုတော်လှန်ရင်း ကိုယ်ကိုတိုင်အာဏာရှင်ဆန်လာရင် အာဏာရှင်ပေါက်စတွေပေါ်လာတာကို လက်ခံလိုက်ကြရင် ဒီမိုကရေစီနဲ့လူသားအခွင့်အရေးအတွက်အသက်ပေးခဲ့တဲ့သူရဲကောင်းတွေကို သတိရပေးကြပါ။ကျေးဇူးပြုပြီး အာဏာရှင်ပေါက်စတွေထပ်ပြီးမမွေးထုတ်ကြပါနဲ့တော့။”ဟု အခြားပြည်သူတစ်ဦးက ပြောသည်။

ထိုရုပ်သံမှတ်တမ်းပါ ဖြစ်စဥ်သည် လွန်ခဲ့သော သုံးလခန့်က ခင်ဦးမြို့နယ် ကုလားလူးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ လမ်းပိတ်ထားချိန် ရွှေဘိုနယ် သက်သာပန်းတောင်းက သံတိုသံစလာဝယ်သူများသည် မိုင်းကွင်းကို နားမထောင်ဘဲ ဖြတ်သန်းလာ၍ ရိုက်ကာဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း​ပြည်သူ့ကာကွယ်​ရေးအဖွဲ့များနှင့်နီးစပ်သူကပြောသည်။

“ပြဿနာအမှန်က ထိုသို့ မီးရှို့ခံရတဲ့ ရွာတွေဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က စခတွေနောက်တစ်ကြိမ်ပြန်လာနိုင်တာမို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆွဲမိုင်းတွေ ဆင်ထားကြတာမို့ အခြားရွာသူရွာသားတွေကို အဲ့ဘက်ကို မလာကြဖို့ ထုတ်ပြန်ကြေညာထားပါသေးတယ်။ ဒါကို မသိပဲလား သိသိလျက်နဲ့ပဲလားတော့မသိ၊ အခုလိုလာရောက်ကြလို့ ကြိမ်ဒဏ်နဲ့ပဲ အပြစ်ပေးပြီး ပြန်လွှတ်ပေးခဲ့ခြင်းပါ။ ဆွဲမိုင်းတစ်ခုခုက လုပ်ရတာလည်း မလွယ်သလို၊ ကုန်ကျစရိတ်ကလည်း အရမ်းများတယ်ဆိုတာ စာဖတ်သူတို့ သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ ထိုဆွဲမိုင်းနဲ့ထောင်ခါမှ စခတွေမထိဘဲ ကိုယ်ပြည်သူတွေထိမှာစိုးလို့ ကိုယ်တွေရဲ့ pdf တွေက နောင်ကျဥ်သွားအောင် ပြုမှုပေးတဲ့ သဘောရိုးပဲရှိပါတယ်။”ဟု AMT ဆိုသူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

​မြေပြင်အ​ခြေအ​နေမှာကြမ်းတမ်းအန္တရာယ်များပြီး ၊စစ်​ကောင်စီမိုင်း​ထောင်ထား​သောမိုင်းကွင်းကို ပြည်သူများကသတိ​ပေးထားလျှက်ဖြတ်သန်းလာ၍ အန္တရာယ်များပြီးမိုင်းများပျက်စီးဆုံးရှုံးမှုများ၍ PDF များက ထိုသို့ဒဏ်ခပ်သည်မှာသင့်​တော်​ကြောင်းပြည်သူအချို့က ​ဖေစ်ဘွခ်တွင်မှတ်ချက်​ရေးသား​ပြော​သော်လည်း ပြည်သူအများစုကမူ ထိုသို့လုပ်ရန်မသင့်ဘဲ နှုတ်ဖြင့်​ပြောသတိ​ပေးသည်နှင့်လုံ​လောက်​ကြောင်းမှတ်ချက်ပြု​ရေးသားကြသည်။ထိုအပြင် PDF အများစုသည် ​ဒေသအများစုတွင် ပြည်သူများကိုကူညီကာကွယ်​ပေးကြ​သောဖြစ်ရပ်နှင့် ဓါတ်ပုံ၊ရုပ်သံ အများစုကိုသာပြည်သူများမြင်​တွေဖူးကြပြီး ယခုဖြစ်စဥ်တွင် စိတ်လိုက်မာန်ပါစွာဖြင့်တုတ်ဖြင့်ရိုက်နေသည်ကို မြင်​တွေ့​သောအခါပြည်သူအများစုအံအားသင့်သွားကြသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုခရိုင်အတွင်းရှိ PDFအဖွဲ့များကတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပါ။

CDM ဗိုလ်ကြီးတစ်ဦဖြစ်​သော ညီသုတကလည်း”ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက်ရေးတာပါ။

စစ်သားက စိတ်ကြီးဝင်လို့မရဘူး။ ကယ်တင်ရှင်စိတ်ဝင်လို့လည်းမရဘူး။ ကောင်းတာလုပ်နေတာမလို့ စစ်သားတွေစီမံသမျှကို ပြည်သူတွေကနာခံရမယ်။ စစ်သားက ပြည်သူကို အပြစ်ပေးခွင့်ရှိတယ်ဆိုတာမျိုးက လွဲမှားတဲ့အယူအဆပဲ။ စေတနာအရင်းခံလုပ်ပေမယ့် ပြည်သူကို အထင်မသေးမိပါစေနဲ့” ဟုယ​နေ့(ဇူလိုင် ၁၉ )တွင်​ရေးသားအကြံပြုသည်။

အာဏာသိမ်းစစ်​ကောင်စီကိုအာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံ့လာကာ ​နွေဦး​တော်လှန်​ရေး​အောင်မြင်​စေရန်ကူညီ​နေ​သော ညီသုတက “လူ့သဘာဝကိုက လွဲမှားတတ်တာမလို့ ထိန်းကျောင်းကြဖို့လိုအပ်ပါတယ်။စစ်ကောင်စီကစစ်သားတွေဟာ ပြည်သူထက်ပိုသာတယ်လို့ တွေးကြတယ်။ ပြည်သူဟာ အသိဉာဏ်နည်းတယ်လို့ ထင်ကြတယ်။ ဒီတော့ သူတို့မှာစီမံခွင့်ရှိတယ်လို့ ယူဆလာကြတာပါပဲ။စစ်ကောင်စီစစ်သားတွေရဲ့ အမှားကို အတုယူနိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်”ဟုတိုက်တွန်းသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း၊ သတိပေးချက်ကို လိုက်နာကြရန် Salin Gyi GZ Local Pdf၊ One Star Task Force၊ Young People Force စသည့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများက သတိပေးသည်။

သတင်း

တလုပ်PDF အဖွဲ့သည် မြင်းခြံမြို့နယ်၊ တလုပ်မြို့မှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း အခြေစိုက်PDF အဖွဲ့များနှင့်ပါ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက်ရှိသည်။

သတင်း

"တိုက်ပွဲက အခုမှ (ည ၆ နာရီ ၄၀ မိနစ်ခန့်)ပြီးတာ။စနိုက်ဘာမိတဲ့ စခ တစ်ယောက်သေတာတော့အတည်ပြုနိုင်တယ်။ထိခိုက်တဲ့သူတွေလည်းရှိနိုင် သေးတယ်။အတွင်းသတင်းကို ကျွန်တော် တို့ စောင့်နေတယ်"ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

သတင်း

ယနေ့ (ဇူလိုင်၁၉ရက်) နံနက် ၁နာရီခွဲက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်​ကောင်စီတပ်၏ စစ်သားနှင့်ရဲများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်တိုင်းမဟာမိတ် PDF တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။