Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဥ့်ကူးတွင် စခန်းဝင်စီးမည်ဟု သတင်းရ၍ ကြိုတင်ရှောင်ရှားပြီး နင်းမိုင်းဆင်ထားခဲ့ရာ မိုင်းမိပြီး စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။

(ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်)
(ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဥ်)

စဥ့်ကူးမြို့နယ်အတွင်း စခန်းဝင်စီးမည်ဟူသော သတင်းရ၍ တပ်ဖွဲ့ဝင်များကြိုတင်ရှောင်ရှားကာ နင်းမိုင်းတင်ထား ခဲ့ရာ စခန်းသို့လာသော စစ်ကောင်စီတပ်သားများမိုင်းထိသေဆုံးသွားကြောင်း ဗိုလ်လင်းယုန်ပြောက်ကျားတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

ယမန်(ဇူလိုင် ၁၉)စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုးအရှေ့ဘက် မအူမြိုင်တောတွင် စခန်းချလျှက်ရှိသော သပိတ်ကျင်းမြို့နယ်ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့စခန်းအား သပိတ်ကျင်းမြို့နယ်ဘက်မှ စစ်ကောင်စီတပ်မှ ကားရှစ်စီးနှင့် အင်အား ၃၀၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါစခန်းဝင်စီးမည့်သတင်းအား ကြိုတင်ရရှိသဖြင့်
လင်းယုန်အဖွဲ့သားများမှ ဆေးဝါး၊ ရိက္ခာနှင့် ယမ်းပစ္စည်းသိုလှောင်ရာတဲထဲတွင် ကားမိုင်းအကြီးစားတစ်လုံးကိုခြေ နင်းမိုင်းဆင်၍ စခန်းအားဆုတ်ခွာခဲ့ရာ ယင်းနေ့ညနေ ၅ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်များ စခန်းကုန်းပေါ်သို့ ရောက်ရှိလာသည်ဟု ဆိုသည်။

“စခများ သေနက်ဖောက်ဝင်ရောက်ချိန်တွင် မိမိတို့ရဲဘော်များထောင်ထားသော မိုင်းအားစခများနင်းမိ၍ မိုင်းပြင်းအားကောင်းကောင်းနှင့် ပေါက်ကွဲခဲ့ရာ စခများ ၅ ဦးထက်မနည်းသေဆုံးဒဏ်ရာရပြီးနာရီပိုင်းအတွင်းစခကား၃စီးဖြင့် သပိတ်ကျင်းမြို့နယ်ဘက်သို့ ဒုန်းမောင်းသွားသည်ကိုစောင့်ကြည့်ရဲဘော်မှအတည်ပြုထားနိူင်ခဲ့သည်”ဟု ဖော်ပြသည်။

“ဆေးဝါ၊ ရိက္ခာ၊ ယမ်းပစ္စည်း၊ လက်လုပ်ပခုံးထမ်း၊ တူမီး၊ ယူနီဖောင်၊ အဝတ်အစား အားလုံးမသယ်နိူင်ခဲ့ဘူး။သတင်းရ အချိန်ကနည်းတော့ လူပဲလွတ်အောင်စီစဥ်ခဲ့ရတာ။ စခန်းပြန်လည်တည်ဆောက်ဖို့ အကူညီများ လိုအပ်ပါတယ်”ဟု ဗိုလ်လင်းယုန် Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

စခန်းအားဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်များမှာ ယနေ့(ဇူလိုင် ၂၀)နံနက်ပိုင်းအထိ စခန်းမှထွက်ခွာ ခြင်းမရှိသေးဘဲ ကင်းပုန်းများဝပ်၍ စောင့်ကြည့်နေသည်ကို သိရှိရကြောင်း ထုတ်ပြန်သည်။

သတင်းကြို၍ ရှောင်ရှားနိုင်ခဲ့သောကြောင့် ဗိုလ်လင်း ယုန်အဖွဲ့သားများ ဘေးကင်းလုံခြုံသောနေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာဒေသဖြစ်တဲ့ ထီးဒေးကရူနဲ့ ရှမ်းလယ်ပြင်ကရူဒေသတွေဘက်ကို ပြောင်းရွှေ့ရှောင်ရှားနေကြပြီး လူဦးရေ(၂၆၀၀)ကျော်ရှိကာ မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါ ခရီးစဉ်အတွင်း၌ ဆွံ့အ နားမကြား မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း CNOက ထုတ်ပြန်သည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့် ပတ်သက်၍ MSPDFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်​ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေ အနေနှင့် ပတ်သက်ပြီးထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်း

AI သုတေသနပြုစုသူများသည် ဇွန် ၂၅ မှ ဇူလိုင် ၈ ရက်အထိ ကရင်နီပြည် ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော် မြို့နယ်တို့ရှိ ပြည်သူ ၄၃ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါဒေသများတွင် စစ်တပ်နှင့် ကရင်နီလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေခဲ့ခြင်းဖြစ်သည်။