Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကယားပြည်နယ်တွင် ကြားကာလပညာရေးကျောင်း ၃၀၀ နီးပါးဖွင့်လှစ်ထားနိုင်ပြီဖြစ်ပြီး ရာထားချက်ပြည့်တော့မည်

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)
(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)

ကယားပြည်နယ်အတွင်း ကြားကာလပညာရေးသင်ကြားရေးကျောင်းများ ဖွင့်လှစ်လျှက်ရှိရာ ကျောင်းပေါင်း ၃၀၀ နီးပါးဖွင့်လှစ်ထားနိုင်ပြီဖြစ်ကာ ရာထားချက်ပြည့်မီတော့မည်ဖြစ်ကြောင်း ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂက ပြောသည်။

ကျောင်းများဖွင့်လှစ်နိုင်ရေးကို သမဂ္ဂအဖွဲ့ဝင် ဆရာ၊ ဆ ရာမများက မြေပြင်ကွင်းဆင်း၍ လိုအပ်သည်များ ကူ ညီဖြည့်ဆည်းပေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းများကို ဆက်တိုက်ပြုလုပ်နေပြီး သင်ကြားရေးပိုင်းကိုမူ CDM ဆရာ၊ ဆရာမများက တာဝန်ယူပေးနေကြောင်း သိရသည်။

“စစ်ရှောင် CDM ဆရာ/မ တွေက ကိုယ်ထူကိုယ်ထ ဆောင်ရွက်ကြတာများပါတယ်။ ဆရာ/မ မလုံလောက်ရင်တော့ ချိတ်ဆက်ပေးပါတယ်ရှင့်”ဟု ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂမှ ဆရာမတစ်ဦးက ပြောသည်။

ကျောင်းများအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ညှိနှိုင်းရန်လိုအပ်ပြီး ကိုယ်ပိုင်ကျောင်း တည်ထောင်ခြင်းကို အားမပေးသလို လက်မခံကြောင်း ဆရာများသမဂ္ဂက ယနေ့(ဇူလိုင် ၂၂)တွင် အသိပေး ထုတ်ပြန် သည်။

သမဂ္ဂသည် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်မဆုံးရှူံးရေးနှင့် အသက်အရွယ်နှင့်ကိုက်ညီသော အတန်းကူးပြောင်းခွင့် အာမခံချက်များရရှိရေးတို့အတွက် တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ နယ်မြေခံ EROS ပညာရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များ၊ Non Formal Education ဆောင်ရွက်နေသော ပညာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ပညာရေးလုပ် ငန်းများကို ကြိုးစားဖော်ဆောင်ပေးလျက်ရှိသည်ဟု ဆိုသည်။

ပညာရေးသည် လူသားတိုင်း၏ အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးကို ရှေးရှူသောပညာသင်ကြားရေးဖြစ်ရန်လိုအပ်ပြီး ကလေးသူငယ်များ၏ လွတ်လပ်ခွင့်ကို ဦးတည်ပြီး ဖက်ဒရယ် ဒီမိုကရေစီပညာရေးကို ဖော်ဆောင်ရမည်ဟု သမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုများပိုမိုထွန်းကားရေး လုပ်ဆောင်ရမည်ကာ မိမိတို့ကျောင်း၏ဖွံဖြိုးတိုးတက်ရေးကို မိမိတို့ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဖြစ်ပြီးပြည်သူများ၏ အကူအညီကို ရယူသွားမည်ဟု အသိပေးသည်။

(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)
(ဓါတ်ပုံ-ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ၏ ကွင်းဆင်းမှတ်တမ်းအချို့)

ထို့အပြင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းကို (လုံးဝ)အားမပေးဘဲ သမဂ္ဂအဖွဲ့နှင့် သက်ဆိုင်ရာပညာရေးဘုတ်အဖွဲ့များမှ လိုအပ်သလို ထောက်ပံ့သွားမည်ဖြစ်ပြီး ပညာရေးလိုအပ်ချက်အတွက် ကျောင်းအကျိုးတော်ဆောင် ကော်မတီဖွဲ့၍ ကျောင်းရံပုံငွေ ချိတ် ဆက်ရှာဖွေ ထောက်ပံ့မှုများပြုလုပ်နိုင်သည်ဟု ဆိုသည်။

“ကိုယ်ထူကိုယ်ထ ပညာရေးဟု အကြောင်းပြအလှူခံပြီး ကိုယ်ပိုင်ကျောင်း သဘောမျိုးထူထောင်ခြင်းကို (လုံးဝ)အားမပေး လက်မခံပါ”ဟု အခြေခံပညာဆရာများ သမဂ္ဂက သဘောထားထုတ်ပြန်သည်။

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အချက်အလက်များ ပေါက်ကြားခြင်းသည် ဇွန်လအတွင်းကတည်းက ဖြစ်ပေါ်လျက်ရှိနေပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိုအချိန်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခြင်းအပြင် အရေးယူမှုများအား မဆောင်ရွက်ခဲ့သည် မှာ ဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၈/၂၀၂၂) ပါ ပုဒ်မ(၃)၊ (ဋ) နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်ဟု ဆို သည်။

သတင်း

ကယားပြည်နယ်အတွင်းရှိ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော CDM ဆရာ၊ ဆရာမများအား သမဂ္ဂမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လတွင် ပထမအကြိမ်၊ ဇူလိုင်လတွင် ဒုတိယအကြိမ် အသီးသီးပေးအပ်နိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့ပညာရေးအတွက် ဆောင်ရွက်နေသူများကို အငြိုးတကြီး လိုက်လံဖမ်းဆီးခြင်းသည် လူ့အခွင့်အရေးနှင့် လွတ်လပ်စွာပညာသင်ယူခွင့်ကို ချိုးဖောက်သည့် အပြင် ပြည်သူလူထုတစ်ရပ်လုံးအား ခြိမ်းခြောက်မှုဖြစ်သည်ဟု ထောက်ပြသည်။

ဆောင်းပါး

ဖက်ဒရယ်ကျောင်းတစ်ခုမှာပညာသင်ယူရင်း အဖမ်းခံရတာ သုံးရက်ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့ကကျောင်းသူတစ်ဦးရဲ့ အစ်ကိုကတော့ ခုချိန်မှာ သူ့ညီမလေးဟာ ဘယ်နေရာမှာ ထိန်း သိမ်းခံထားရမှန်း မသိရသေးဘူးလို့ ပြောလာပါတယ်။