Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောက်ဉက္ကလာပမှ YBSယာဥ် စီးနင်းသူများအတွက် ရုံးတတ်၊ရုံးဆင်းချိန်များတွင် လူမှူကူညီရေး အဖွဲ့များက ကူညီပြေးဆွဲပေးမည်

“မြောက်ဥက္ကလာအဝိုင်းမှ ဆူးလေအထိ(၇)စီး ၊ မြောက်ဥက္ကလာအဝိုင်းမှ ယုဇနပလာဇာ ဘက်မှ(ဆူးလေ)အထိ(၆)စီးပို့ဆောင်ကူညီပါမယ်”ဟု ကူညီပေး မည့် လမ်းကြောင်းများကို ကြေညာထားသည်။

(ယမန်နေ့က ရန်ကုန်မြို့၌ YBS စီးနင်းသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ယမန်နေ့က ရန်ကုန်မြို့၌ YBS စီးနင်းသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

CNG ဂတ်စ် အလုံအလောက်မရ၍ အခက်အခဲကြုံနေရသည့် မြောက်ဉက္ကလာပ မြို့နယ်မှ YBSယာဥ် စီးနင်းသူများအတွက် ရုံးတတ်၊ရုံးဆင်းချိန်များတွင် လူမှူကူညီရေးအဖွဲ့များက ကူညီပြေးဆွဲ ပေးသွားမည်ဟု We Love North Okkalapa (မြောက်ဥက္ကလာပချစ်သူ များပရဟိတအသင်း) က အသိပေးထားသည်။

ဇူလိုင် ၂၃ရက်တွင် မြောက်ဥက္ကလာပချစ်သူများပရဟိတအသင်းအပါအဝင် လူမှူကူညီရေးအဖွဲ့ ၁၀ ခုက ယာဥ်၁၃ စီးဖြင့် စုရပ်နေရာများမှ ဆူးလေသို့ ပို့ဆောင်ပေးမည်ဟု အသိပေးထားသည်။

“မြောက်ဥက္ကလာအဝိုင်းမှ ဆူးလေအထိ(၇)စီး ၊ မြောက်ဥက္ကလာအဝိုင်းမှ ယုဇနပလာဇာ ဘက်မှ(ဆူးလေ)အထိ(၆)စီးပို့ဆောင်ကူညီပါမယ်”ဟု ကူညီပေး မည့် လမ်းကြောင်းများကို ကြေညာထားသည်။

YBS စီးရန် ခက်ခဲနေသူများကို နံနက် ၇ နာရီခွဲတွင် ‌မြောက်ဉက္ကလာပအဝိုင်း မှ ဆူးလေ ၊ ညနေ ၄ နာရီတွင် ဆူးလေ မှခြောက်ကွေ့အထိ ၎င်းတို့အသင်းကား နှစ်စီးဖြင့် ကူညီပို့ဆောင်ပေးမည်ဟု မြောက်ဥက္ကလာပချစ်သူများ ပရဟိတ အသင်းက ကြေညာထားသည်။

CNG ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်သောကြောင့်ဟုဆိုကာ ဇူလိုင် ၂၂ ရက် ညနေ ရုံးဆင်းချိန်၌ ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် YBS ယာဉ်အရေအတွက် နည်းပါးမှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရသည်။

ထို့ကြောင့် လူမှူကူညီရေးအသင်းအချို့က မှတ်တိုင်များတွင်စောင့်နေသည့် ခရီးသွားပြည်သူများကို ကူညီပို့ဆောင်ပေးခဲ့ကြသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် နေ့စဉ် YBS အစီးရေ သုံးထောင်ကျော် ပြေးဆွဲပေးပြီး ခရီးသည် ၁၁ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၃ ရက် တွင် ပြေးဆွဲမည့် ကားအစီးရေပုံမှန်ထက် နည်းသောကြောင့် အခြားအချိန်များထက် ရုံးတက် ရုံးဆင်းချိန်များတွင်များများလွှတ်ပေးမည်ဟု YBS ကုမ္ပဏီအချို့က ကြေညာထားသည်။

(ယမန်နေ့က ရန်ကုန်မြို့၌ YBS စီးနင်းသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CNG ပိုက်လိုင်းပေါက်သောကြောင့် ယာဥ်များ CNG လုံလုံလောက်လောက် မရ၍ အစီးရေအပြည့် မပြေးဆွဲနိုင်ခြင်းဖြစ်ကြောင်း ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

News

ဧပြီ ၁ ရက် နံနက်အစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပျက်စီးခဲ့သည်ဟု JBF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

News

YBS 24 ယာဉ်မောင်း ကိုကျော်ခိုင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဆန္ဒပြပွဲမှာ ဆန္ဒပြ ပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြိုခွင်းချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့ဆက်မတိုးနိုင်အောင် ကားကို ကန့်လန့်ဖြတ်ပိတ်ရပ်ပေးခဲ့တာပါ။

News

ကားပေါ်၌ ခရီးသည်မရှိသည့် အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအပေါ် မတရားနည်းဖြင့် ဂုတ်သွေး စုပ်နေသည့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။