Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးကြရန် PDF သတိပေး

မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်
မိုးဗြဲ PDF ရဲဘော်များအား တွေ့ရစဉ်

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများအနေဖြင့်
ဘေးကင်းလုံခြုံရေးကိုသာ အဓိက ဦးစားပေးကြရန် မိုးဗြဲ PDFက သတိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၂၂ ရက်) ည ၁၀ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် နေရာအချို့တွင် တပ်စွဲလိုက်ခြင်းဟု ဆိုသည်။

“စောင့်ကြည့်နေရတဲ့အခြေအနေပေါ့ ။လောလောဆယ်တော့ အခြေအနေ ငြိမ်နေသေးတယ် “ဟု Mobye Resue Team အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည့် မိုးဗြဲမြို့ ပေါ်မှ နေအိမ်အချို့ကို ဇူလိုင်၁၈ရက်က တွေ့ရစဉ် ၊ဓာတ်ပုံ - KNDF)
(စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ မီးလောင်ပျက်စီးနေသည့် မိုးဗြဲမြို့ ပေါ်မှ နေအိမ်အချို့ကို ဇူလိုင်၁၈ရက်က တွေ့ရစဉ် ၊ဓာတ်ပုံ – KNDF)

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် စစ်ကောင်စီက ယခုလတတိယပတ်ကစ၍ ကြိုးပမ်းနေသည် ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးသည်။

ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲမြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက သုံးသပ်သည်။

ထို့ကြောင့် ဇူလိုင် ၁၈ ရက်ကစ၍ မိုးဗြဲမြို့ပေါ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်တွင် မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ယခုအခြေအနေမှာ ဒုတိယအကြိမ် မြို့ပေါ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်"ဟု DBTF က ပြောသည်။

သတင်း

"အ​ရှေ့ဘက်၊ ​တောင်ဘက်၊အ​နောက်ဘက် ဆက်တိုက်ပစ်​နေတာ။ထိုင်​​တော်မူဘုရာအ​နောပ်ဘက်ကိုပစ်​နေတာ" ဟု​ဒေသခံတစ်ဦးက​ပြောသည်။

သတင်း

ဖရူဆို မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ KNDF က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

သတင်း

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။