Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရေယာဥ်နှစ်စီး ချင်းတွင်းမြစ်ဘေးရှိရွာများကို ဝင်ရောက်မွှေနှောက် နေ

“စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်”ဟု DBTF က ပြောသည်။

(ချင်းတွင်းမြစ်အတွင်း ဆန်တက်လာနေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်၊ ဓာတ်ပုံ - DBTF)
(ချင်းတွင်းမြစ်အတွင်း ဆန်တက်လာနေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်၊ ဓာတ်ပုံ - DBTF)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကောင်စီရေယာဥ် နှစ်စီးသည် ချင်းတွင်းမြစ်ဘေးရှိကျေးရွာများကို ဝင်ရောက်မွှေနှောက်နေကြောင်း Dragon Brothers Task Force က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၂၃ ရက်) နံနက် ၅နာရီခွဲခန့်ကစ၍ ပန်းတိမ်ပြင် နှင့် ကျောက်မှော်ကျေးရွာတို့ကို ပစ်ခတ်၍ ဝင်ရောက်နေသည်ဟု ဆိုသည်။

“စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်”ဟု DBTF က ပြောသည်။

ယမန်နေ့ ဇူလိုင်(၂၂ ရက်)ကလည်း စစ်ကောင်စီ ရေယာဥ် နှစ်စီးဆန်တက်စဥ် ရွှေစာရေးရွာ အောက်ဖက်အနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဇူလိုင် ၁၈ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှစတင်ထွက်ခွာလာသည့် စစ်ကောင်စီ ၏ရေယာဥ်အုပ်စုတွင် အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ် နှစ်စီးအပါအဝင် ရေယာဥ် ၁၃ စီး နှင့် အင်အား ၁၀၀ ကျော်ပါဝင်​ပြီး ချင်းတွင်းမြစ်အ​ထက်ပိုင်းသို့ ဆက်တက်လာ​နေ​ကြောင်း ​ဒေသတွင်း PDFများက သတိ​ပေးထားသည်။

အဆိုပါရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာများကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့် ပြောက်ကျား စစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ ဇူလိုင်ပထမပတ်တည်းက တပ်စွဲခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများအနေဖြင့်ဘေးကင်းလုံခြုံရေးကိုသာ အဓိက ဦးစားပေးကြရန် မိုးဗြဲ PDFက သတိပေးထုတ်ပြန်သည်။ ယမန်နေ့(ဇူလိုင် ၂၂ ရက်) ည ၁၀ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် နေရာအချို့တွင် တပ်စွဲလိုက်ခြင်းဟု ဆိုသည်။ “စောင့်ကြည့်နေရတဲ့အခြေအနေပေါ့ ။လောလောဆယ်တော့ အခြေအနေ ငြိမ်နေသေးတယ်...

သတင်း

ဖရူဆို မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ KNDF က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

သတင်း

‌ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

သတင်း

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။