Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်သစ်ရှိ မြန်မာသံရုံး​ရှေ့တွင် စစ်ကောင်စီတပ်​၏ သေဒဏ်စီရင်ခြင်းခံရသည့် ရဲဘော် ၄ ဦးအတွက် လွမ်းသူ့ပန်းများချ

ထို့အပြင် ပြင်သစ်ရောက် မြန်မာများက ကျဆုံးသွားသည့် သူရဲကောင်း (၄) ဦးအတွက် လေးစားဂုဏ်ယူစွာ အလေးပြုခဲ့ကြပြီး တော်လှန်ရေးကြီး ပိုမိုအရှိန်အဟုန်ပြင်းပြင်းဖြင့် အမြန်ဆုံးအောင်မြင်စေရန် ဆုတောင်းခဲ့ကြသည်။

ဓာတ်ပုံ - AVEC Toi Myanmar
ဓာတ်ပုံ - AVEC Toi Myanmar

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြင်သစ်နိုင်ငံရောက် မြန်မာများက စစ်ကောင်စီတပ်၏ မတရားသဖြင့် သေဒဏ်ပေး၍ အသတ်ခံရသည့် (၈၈) မျိုးဆက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ NLD ပါတီအမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ အာဇာနည်သူရဲကောင်း (၄) ဦးအတွက် ယနေ့ (ဇူလိုင် ၂၆) ၌ ပန်းများချပြီး ဖယောင်းတိုင်များ ထွန်း၍ ဆုတောင်းပေးခဲ့ကြသည်။

ထို့အပြင် ပြင်သစ်ရောက် မြန်မာများက ကျဆုံးသွားသည့် သူရဲကောင်း (၄) ဦးအတွက် လေးစားဂုဏ်ယူစွာ အလေးပြုခဲ့ကြပြီး တော်လှန်ရေးကြီး ပိုမိုအရှိန်အဟုန်ပြင်းပြင်းဖြင့် အမြန်ဆုံးအောင်မြင်စေရန် ဆုတောင်းခဲ့ကြသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ကို မတရားသဖြင့် သေဒဏ်ချမှတ်၍ သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့အပြင် "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ဆိုသည့် စာတန်းကိုင်ဆောင်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေထောက်များဖြင့် ဝိုင်းနင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာသောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ကြောင်း သိရသည်။

သတင်း

အီးယူသည် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံလျက် အဆုံးတိုင် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုသည်။

သတင်း

မြန်မာစစ်တပ်​၏ ယခုကွပ်မျက်မှုများသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ​၏ ပြိုလဲပျက်စီးနေသည့်လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားနေလာခြင်းကို ပြသနေသည်ဟုလည်း အတွင်းရေးမှူးချုပ်က မှတ်ယူသည်။