Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် စစ်ကောင်စီတပ်၏ သေဒဏ်စီရင်ခြင်းခံရသည့် ရဲဘော် ၄ဦးအတွက် ဆုတောင်းပွဲပြုလုပ်

ထို့အပြင် “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကိုင်ဆောင်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေထောက်များဖြင့် ဝိုင်းနင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - May /Facebook
ဓာတ်ပုံ - May /Facebook

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားသဖြင့် သေဒဏ်ပေး၍ စီရင်ခြင်းခံရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့နှင့်အတူ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးရဲဘော်များ အတွက် ယနေ့ (ဇူလိုင် ၂၆) ဆုတောင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - May /Facebook
ဓာတ်ပုံ – May /Facebook

ယင်းဆုတောင်းပွဲကို နယူးယောက်မြို့ရှိ ဒီမိုကရေစီ အရေးလိုလားသူ မြန်မာနိုင်ငံသားများက ဦးဆောင်ခဲ့ပြီး ကျဆုံးရဲဘော်များအတွက် လွမ်းသူ့ပန်းများချ၍ “ကောင်းရာသုဂတိလားပါစေ” ဟု ဆုတောင်းပေးခဲ့ကြသည်။

ထို့အပြင် “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုသည့် စာတန်းကိုင်ဆောင်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေထောက်များဖြင့် ဝိုင်းနင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ချမှတ်ခြင်းအပေါ် TPCCက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

သတင်း

အဆိုပါ​ရှင်းလင်းမှုအား PDFတောင်သာအဖွဲ့နှင့် မလှိုင်တော်လှန်ရေး အင်အားစုတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ဆိုင်ကယ်တစ်စီး၊ သမရုံးစာရွက်စာတမ်းများနှင့် တံဆိပ်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း PDFတောင်သာက အသိပေးထားသည်။

သတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာဝန်ကြီး အမန်ဒါမေးလ်လင်းကလည်း စစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုမှာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်သည့် လုပ်ရပ်ဟု ထုတ်ပြန်ပြောဆိုသည်။