Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေးအခြေအနေအရ ကလေး-တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။

စစ်ရေးအခြေအနေအရ ကလေး- တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး
စစ်ရေးအခြေအနေအရ ကလေး- တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

ကလေးမြို့နယ်အတွင်း လက်ရှိ စစ်ရေးအခြေအနေအရ ကလေး-တမူး လမ်းမကြီးအား ည ၉နာရီမှ နံနက် ၅နာရီအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံ သတိပေးကြောင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းတို့ကို ဒေသခံကာကွယ် ရေးတပ်များက တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်ရာတွင် ပြည်သူများ ထိခိုက်မှုမရှိစေရေး အထူးသတိပြု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေး PDFက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူလေ့ရှိသည့် နေရာများ ၊ စစ်ကောင်စီ၏ မော်တော်ယာဉ်များ အနီး ဝန်းကျင်တွင် ပစ်ခတ်ပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်လာနိုင်၍ ပြည်သူများ လုံခြုံရေးအထူးသတိပြု၍ နေထိုင်သွားလာကြရန် မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ​ရှင်းလင်းမှုအား PDFတောင်သာအဖွဲ့နှင့် မလှိုင်တော်လှန်ရေး အင်အားစုတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ဆိုင်ကယ်တစ်စီး၊ သမရုံးစာရွက်စာတမ်းများနှင့် တံဆိပ်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း PDFတောင်သာက အသိပေးထားသည်။

သတင်း

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများအား နာရေးကားများဖြင့် သယ်သွားကြောင်း၊ ထိုအချိန်တွင် တည်သီးတော၊သီးလုံး၊မြင်းခြင်းရွာများမှပျူများ စစ်ကူလာ၍ ပြန်ဆုတ်ချိန် ပြ​ည်သူ့ကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ရကြောင်း ShweBo Federal Army (S.B.F.A)အဖွဲ့က အသိပေးသည်။

သတင်း

အီးယူသည် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံလျက် အဆုံးတိုင် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်းများ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၎င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ KNDFက ကောင်းမွန်စွာ ဖမ်းဆီးထိမ်းသိမ်းထားခဲ့ကြောင်း ဖော်ပြသည်။