Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်
သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်

အာဆီယံဥက္ကဋ္ဌအနေနဲ့ မေတ္တာရပ်ခံနေတဲ့ကြားက အတိုက်အခံတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အလွန်အမင်းစိတ်ပျက်စရာကောင်းတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ကြေညာချက်ထုတ်လိုက်ပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်ခင် စစ်ကောင်စီရဲ့သေဒဏ်စီရင်တဲ့လုပ်ရပ်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့အာဆီယံ ရဲ့ကြိုးပမ်းမှုတွေကိုနောက်ပြန်ဆုတ်စေတယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒကင်းမဲ့နေတာကိုပြသနေတယ်လို့ဟွန်ဆန်က ဆိုပါတယ်။

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို မတရားသေဒဏ်စီရင်ချမှတ်ခြင်းအပေါ် TPCCက သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါ​ရှင်းလင်းမှုအား PDFတောင်သာအဖွဲ့နှင့် မလှိုင်တော်လှန်ရေး အင်အားစုတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ဆိုင်ကယ်တစ်စီး၊ သမရုံးစာရွက်စာတမ်းများနှင့် တံဆိပ်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း PDFတောင်သာက အသိပေးထားသည်။

သတင်း

ထို့အပြင် "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ဆိုသည့် စာတန်းကိုင်ဆောင်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေထောက်များဖြင့် ဝိုင်းနင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သတင်း

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာသောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီးအပါအဝင်ရေယာဥ် ၁၃စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ကြောင်း သိရသည်။