Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာတွင် စစ်ကားများလာ၍လမ်း​ဘေးချရပ်​​ပေးသောကားကိုစစ်​တပ်က​ပစ်ခတ်၍က​လေးငယ်တစ်ဦး​သေဆုံး

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မုံရွာမြို့တွင်း နေရာအနှံ့အပြားတွင် ပိုက်စိပ်တိုက်စစ်ဆေးအကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(အသက် ၈ နှစ်အရွယ်မိန်းက​လေးပါ​သောကား ​သေနတ်ဖြင့်အပစ်ခံခဲ့ရ​သော​နေရာ အနီးဝန်ကျင်ကိုGoogle Mapမှ​တွေ့ရစဥ်)
(အသက် ၈ နှစ်အရွယ်မိန်းက​လေးပါ​သောကား ​သေနတ်ဖြင့်အပစ်ခံခဲ့ရ​သော​နေရာ အနီးဝန်ကျင်ကိုGoogle Mapမှ​တွေ့ရစဥ်)

ကား​ပေါ်ပါအမျိုးသားတစ်ဦးလည်းဒဏ်ရာရ

မုံရွာတွင်ယမန်​နေ့ည​နေက စစ်ကောင်စီတပ်ကားများလာ၍လမ်း​ဘေးချရပ်​နေ​သောကားကို စစ်​ကောင်စီတပ်ကအကြောင်းမဲ့ပစ်ခတ်ခဲ့၍ ကားအတွင်းမှ (၈)နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးခဲ့သည်။

မုံရွာမြို့ဘိုးဘွာရိပ်သာအနီးတွင်ယမန်နေ့(ဇူလိုင်၂၅ရက်)ညနေ ၆နာရီခွဲခန့်က မုံရွာ-မန္တ​လေးလမ်းအတိုင်း စစ်ကား​တန်း၁၁စီးပါကားတန်းလာ၍ အိမ်စီးကား Light Truck မှာ လမ်း​ဘေးချရပ်ပြီးမှန်ချထားသဖြင့် ကားအတွင်းက​လေးပါသည်ကိုရှင်းလင်းစွာမြင်​နေရပါလျက် ​စစ်သားများကသေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

“စစ်ကားတန်းလာလို့ လမ်းဘေးချရပ်ထားတဲ့ကားကို ပစ်တာ။ ကားထဲက ကလေးတစ်ဦးသေတယ်။ ကလေးအဖေထင်တယ်။ ဒဏ်ရာရသွားတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

ကျည်ထိကလေးငယ်အား မုံရွာဆေးရုံသို့ပို့ဆောင်စဥ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကလေးမလေးက မျက်စိပေါက်ထွက်သွားတယ်။ အလောင်းပြန်မရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က မုံရွာမြို့တွင်း နေရာအနှံ့အပြားတွင် ပိုက်စိပ်တိုက်စစ်ဆေးအကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့ (ဇူလိုင်လ၂၄)နေ့က မြိုင်နယ်မြောက်ပိုင်း ဓမ္မသာရရွာသို့ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မွှေနှောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၇လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဓမ္မသာရရွာအနောက်ဘက် ဘန့်ဘိုးရွာတွင်လည်း စစ်ကြောင်းတစ်ခုက ဝင်ရောက်မွှေနှောက်ကာ အိမ်များကို ဖျက်​ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင်များ ရောက်ရှိလာကာ တာမွေခုံးတံတားအောက် မီးပွိုင့်ထိပ်တွင် စစ်ကားနှစ်စီး ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီတပ်မှ ယာဥ်များသည် ယနေ့ညနေ ၆ နာရီခန့်တွင် မြသီရိ (၁)လမ်းမှ ပြန်ထွက်သွားပြီး ကင်းပုန်းအချို့ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သတင်း

ပေါက်ကွဲမှုကြောင့် အသက် (၃)နှစ်အရွယ်ကလေး သေဆုံးပြီး ဖခင်ဖြစ်သူသည် ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ အဆိုပါသားအဖသည် ချောင်းဦးမြို့နယ်ဇာတိဖြစ်ပြီး မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်နေခြင်းဟု ဒေသခံအချိုု့က ပြောသည်။