Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်း​များ ချိတ်ဆွဲရာအနီးရှိ ပစ္စည်းများအား ကိုင်တွယ်ခြင်းမပြုရန် ဝက်လက်တော်လှန်ရေးတပ်ဦး သတိပေး

သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် “အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။”ဟု ပြောသည်။

(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ချိတ်ဆွဲထားသော စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတစ်ခုအား ယမန်နေ့က တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)
(ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ချိတ်ဆွဲထားသော စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းတစ်ခုအား ယမန်နေ့က တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်း​များ ချိတ်ဆွဲရာအနီးရှိ ပစ္စည်းများအား ကိုင်တွယ်ခြင်းမပြုရန် ဝက်လက်ဘတော်လှန်ရေးတပ်ဦးက သတိပေးကြေညာသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ကျောင်းသားပြည်သူများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်သည့် စာသားပါ ပိတ်စများ ချိတ်ဆွဲထားသည့် နေရာများအနီးရှိ ပစ္စည်းများကို ကိုင်တွယ်ခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း ဝက်လက်တော်လှန်ရေးတပ်ဦးက ယနေ့(ဇူလိုင်၂၆ရက်) သတိပေးကြေညာသည်။

သတိပေးရခြင်းနှင့်ပတ်သက်၍ ဝက်လက်တော်လှန်ရေးတပ်ဦး၏တာဝန်ရှိသူအား မေးမြန်းရာတွင် “အဲဒါကတော့ ကျွန်တော်တို့ မစ်ရှင်အောင်မြင်တဲ့အချိန်မှ ဖြေလို့ရမှာပါ။ ပြည်သူတွေ မထိခိုက်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါဗျ။”ဟု ပြောသည်။

ရန်ကုန်မြို့နှင့်ဒေသအချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းများအား ချိတ်ဆွဲထားပြိီးနောက် အကြမ်းဖက်စစ်တပ်က လာဖြုတ်ချိန် မိုင်းပေါက်ကွဲသည့်ဖြစ်စဥ်များလည်း ဖြစ်ပွားခဲ့ဖူးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH ၊ NLDနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးတွဲ၍ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်တော့မည်ဟု ထုတ်ပြန်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ဆက်နွှယ်သောနေရာ၊ ဌာနများ ၊ ပျူစောထီးများနှင့် ၎င်းတို့၏ ထောက်တိုင်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွား မည်ဖြစ် ပါသောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့်ပတ်သက်ဆက်သွယ်ခြင်း လုံးဝမပြုလုပ်ကြ ပါရန်လည်း မေတ္တာရပ်ခံထားသည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။

သတင်း

အီးယူသည် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံလျက် အဆုံးတိုင် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုသည်။