Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကိုဝင်ပစ်ပြီး သွေးကြွေးတောင်း၊ စစ်ကောင်စီတပ်သား တစ်ဦးသေ

“ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ”ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရေးမြို့နယ်
ရေးမြို့နယ်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ တံတားကြီးထိပ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ပြီး ကွပ်မျက်ခံရသူများအတွက် သွေးကြွေးတောင်းခဲ့ကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSROက ယနေ့(ဇူလိုင် ၂၇) အသိပေးထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က ရေးမြို့ တံတားကြီးထိပ်မှ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

“ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ”ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါစစ်ဆင်ရေးသည် ကိုဂျင်မီ၊ ကိုဇေယျာသော်နှင့် ကျဆုံးသူရဲကောင်းများအတွက် သွေးကြွေးပြန်တောင်းသည် Mission No.1 ဖြစ်ကြောင်းလည်း MSRO က အသိပေးသည်။

တံတားကြီးထိပ်မှ စစ်ဆေးရေးဂိတ်အားဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဥ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြန်လည်ခုခံပစ်ခတ်နိုင်ခြင်းမရှိခဲ့ကြောင်း MSRO ထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၂၁ ရက်ကလည်း အက်ုက္ကားရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူဆောထီးများ လှည့်ကင်းထွက်လာစဥ် ကျွန်းတောက်အနောက်ဘက်၌ ပဒေသာမိုင်းခြောက်လုံးဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်အနေဖြင့်လည်း စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်မှု သတင်းသာ မှန်ကန်ပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်ပြီး သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု အသိပေးခဲ့သည်။

သတင်း

တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။