Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်

တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။

ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်
ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင် ရှေ့တန်းနယ်မြေရှိ စစ်ကောင်စီတပ်သား ပြည့်ဖြိုးအောင်သည် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU တပ်မဟာ(၅)က ယနေ့ညတွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသည် ဇူလိုင် ၉ရက်က အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

တပ်သားပြည်ဖြိုးအောင်သည် ဖာပွန်ခရိုင် ခူးသူးထာ၊ မယ်ဝေ(မဲဝိုင်) အတွင်း ထောက်ပို့ရိက္ခာ သယ်ယူပို့ဆောင်နေသူ ဖြစ်ကြောင်း၊ ၎င်းတွင် MA-3 တစ်လက်နှင့် ကျည် ၇၀ တောင့်ပါရှိကြောင်း ဖော်ပြထားသည်။

ယခင်ကလည်း ဖာပွန်ခရိုင်ရှေ့တန်းစစ်မြေပြင်မှ တပ်သားများ KNU တပ်မဟာ(၅)ထံ လက်နက်နှင့် အတူ လာရောက်ပူးပေါင်းမှုများရှိခဲ့သည်။ အလားတူ KNU တပ်မဟာနယ်မြေများ၌လည်း စစ်ကောင်စီလက်အောက်မှရုန်းထွက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားအများအပြားရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ရေး၌ တက်နိုင်သည့် နေရာများက ဆက်လက်ပါဝင်ပေးကြရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

သတင်း

"ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ"ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်အနေဖြင့်လည်း စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်မှု သတင်းသာ မှန်ကန်ပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်ပြီး သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု အသိပေးခဲ့သည်။

သတင်း

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က လက်ရှိ အဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သေဒဏ် ချမှတ် ခံထားရသူ ၁၀၀ ကျော် ရှိနေသေးပြီး ဘက်ပေါင်းစုံ ဖိအားပေးမှုတွေသာ မရှိရင် အဲဒီ အကျဉ်းသားတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာနေကြောင်း သတိပေးထားပါတယ်။