Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် လူငယ်များ၏ ပြောက်ကျားသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်ဖြိုခွင်း

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ - လူငယ်များသမဂ္ဂ

▪️လူငယ်များ အထိအခိုက်နှင့် ဖမ်းဆီးခံရခြင်းမရှိ ဟုဆို

ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၇) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်နေသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီဝင်များက အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းခဲ့​ကြောင်း တော်လှန်အင်အားစု လူငယ်များမှတစ်ဆင့် သိရသည်။

ယနေ့ ညနေပိုင်းတွင် လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များသမဂ္ဂ – ပုသိမ်တို့ ပူးပေါင်း၍ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းအားကိုင်ဆောင်၍ အာဏာသိမ်း မြန်မာ့ ဖက်ဆစ်စစ်တပ်က ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများအား မတရားသဖြင့် ကြိုးပေးသတ်ဖြတ်နေမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ – လူငယ်များသမဂ္ဂ

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

” မီးပွိုင့်ကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီးက ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ပြီး ဖမ်းဖို့ ကြိုးစားတာပါ။ ဒါပေမယ့် လူငယ်တွေက အချိန်မှီ ရှောင်နိုင်ခဲ့လို့ အထိအခိုက် မရှိဘဲ ထွက်ပြေးလွတ်မြောက်တယ်လို့ သိရပါတယ် ” ဟု ၎င်းက ပြောသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ – လူငယ်များသမဂ္ဂ

လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြွေးကြော်နေစဥ် စစ်ကောင်စီဝင်များက လမ်းအကွေ့မှ ရုတ်တရက် ဝင်တိုက်ခြင်းဖြစ်ပြီး ကားပေါ်မှ အင်္ကျီ အပြာကွက်နှင့် ပုဆိုး အပြာရောင် ဝတ်စဥ်ထားသူ လူတစ်ဦး ဆင်း၍ လိုက်လံဖမ်းဆီးခဲ့သော်လည်း လျှင်မြန်စွာ ရှောင်ပြေးနိုင်ခြင်းကြောင့် အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြကြောင်း လူငယ်များသမဂ္ဂ- ဗဟိုကလည်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်ပထမပတ်လည်း လှိုင်မြို့နယ်တွင် ဆန္ဒပြလူငယ်များကို အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး လူငယ်အချို့ ကားတိုက်ခံရသည့် ဒဏ်ရာရရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ အာဏာသိမ်း လူသတ်အကြမ်းဖက်စစ်ကောင်စီက မတရားစီရင်မှုဖြင့် သတ်ဖြတ်လိုက်ကြောင်းကို ၎င်းတို့လက်ပါးစေ သတင်းစာက ယနေ့ (ဇူလိုင် ၂၅) ရေးသားထုတ်ပြန်ခဲ့သည်ဟု ဖော်ပြသည်။

သတင်း

God's Hand Forces ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းများတွင် မြောက်ဒဂုံ ကြည်စု ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မရမ်းကုန်း Ocean စင်တာ မီးပွိုင့်ရှိ ယာဥ်ထိန်းရုံးကို ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ၏ သေဒဏ်အတည်ပြုခြင်းသည် တရားမဝင်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့စွာဖြင့် တရားစီရင်ရေးကို စိတ်ထင်ရာ တစ်ဖက်သတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ဇွန်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။