Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ် ရေခါးရွာအနီးရှိ ရေနံတွင်းပေါင်း ၂၀၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွား

ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(ရေခါးရွာအနီး ရေနံတွင်းများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ-Cj)
(ရေခါးရွာအနီး ရေနံတွင်းများအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ဓာတ်ပုံ-Cj)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ် ကောင်စီတပ်က ရေနံတွင်းပေါင်း ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇူလိုင် ၂၄ ရက်က မြိုင်မြို့နယ်၊ ရေခါးကျေးရွာအနီးရှိ ရေနံတွင်း ၂၃၁ တွင်းအား အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း PDFများကို အခွန်ပေးပြီး ရေနံတူးဖော်နေ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ဝါဒဖြန့်သည်။

ရေနံတွင်း ၂၃၁ တွင်းအပြင် ပေ ၂၀ ပိုက် ၁၃၅ လုံး၊ တရုတ်နိုင်ငံထုတ် အင်ဂျင် ၁၆၉ လုံးတို့အား သိမ်းဆည်းခဲ့ပြီး ၎င်းပစ္စည်းများကိုပါ အကြမ်းဖက်စစ်ကာင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သ​ည့် ဇူလိုင် ၁၃ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျောက်ခွက်ရွာအနီးရှိ ရေနံတွင်း (၁၀၂)တွင်းကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ယမန်နေ့ကလည်း ပခုက္ကူ-မြိုင်လမ်းအနီး လေညှင်းတောင်ကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားနေပြီး အဆိုပါလမ်းပိုင်းအား ယာယီပိတ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူ-မြိုင်လမ်းမကြီးအား ယာယီပိတ်ထား ကြောင်း ပခုက္ကူမြို့ပြ ပြောက်ကျားတပ်က ယနေ့တွင် အသိပေးထားသည်။

သတင်း

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့နှင့် အရှေ့တောင်ပိုင်း ဖြစ်သည့် ပေခုနှစ်ပင် -ပုသိမ် မုံရွာလမ်း၊ ယာကြီးပြင်ကျေး ပုသိမ်-မုံရွာ ဆိပ်ဖြူလမ်းပိုင်းအား မည်သည့်ယာဥ်အမျိုးအစားမှ ဖြတ်သန်းသွားလာ​ခြင်း မပြုရန် ​ဒေသတွင်းPDFအဖွဲ့များက သတိပေးသည်။

သတင်း

စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြရာ အကြမ်းဖက်စစ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုလည်းရှိနိုင်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

ဇူလိုင်၂၃ရက် နေ့လည် ၂နာရီခွဲခန့်က ကျောက်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသော စစ်ကောင်စီတပ်အား ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့်တပ်ပေါင်းစု မဟာမိတ်တပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြသေးသည်။