Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။

(၂၀၂၂ မေလ ၂၇ ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၂ မေလ ၂၇ ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ထန်းတောရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို

စစ်ကိုင်းတိုင်း ကောလင်းနှင့် ကန့်ဘလူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ်က ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူမြို့နယ် အုန်းခြောက်လုံးကျေးရွာအနီးတွင် ကောလင်း PDF တပ်ရင်း(၁)၊ ကောလင်းမြို့နယ်(ပကဖ)နှင့် ကန့်ဘလူမြို့နယ်(ပကဖ)တို့ ပူးပေါင်း၍ ယနေ့ ညနေ ၄နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

“ကုက္ကိုယ်ကုန်းရွာကနေ ဆင်းသွားတဲ့စစ်ကြောင်း။ အုန်းခြောက်လုံးရွာမှာ မိုင်းဆွဲခံရတာ။ ခွေး ခုနှစ်ကောင်သေတာ အတည်ပြုနိုင်ပါတယ်”ဟု ကန့်ဘလူမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

ကန့်ဘလူမြို့ခံတစ်ဦးကလည်း ” ဒီနေ့ မိုင်းသံကတော့ အောင်တယ်။ ဟိန်းထွက် သွားတာပဲ။ စစ်ခွေးတွေ အများကြီး ထိတာသေချာတယ်။ဆေးရုံကားတွေ ဆူညံနေတာ”ဟု ပြောသည်။

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။

Kawlin Revolution သည် ကောလင်းဒေသ လူထုတော်လှန်ရေးသတင်းများကို ထုတ်ပြန်ပေး နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်ရေးစာ မျက်နှာဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

သတင်း

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။