Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(ရေစကြို PDF အဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Yesagyo PDF)
(ရေစကြို PDF အဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Yesagyo PDF)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ယာဥ်ငယ်တစ်စီး မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားတစ်ဦးနှင့်ပျူတစ်ဦး သေဆုံးခဲ့ကြောင်း Yesagyo PDFက သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်လ ၂၈ ရက်) နံနက် ၈နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော အဖြူရောင်မှန်လုံ ကားငယ်တစ်စီးအား ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြား ရွာချင်းဆက်လမ်းပေါ်ရှိ လယ်ကြီးတံတားအနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

မဟာမိတ်အဖွဲ့က မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီ တပ်သား ၉ ဦးအနက် စစ်သားတစ်ဦး၊ ပျူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိသွားကြောင်း Yesagyo PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါဖြစ်စဥ်အား Yesagyo PDF(ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၁၃)၊ N-YSOပြောက်ကျားတပ်၊ K.N.T ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township စသ​ည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ကာကွယ် ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင် ၂၄ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသော အဖြူရောင် ပေါင်မုန့်ကားတစ်စီးအား ဇီးကုန်းကျေးရွာနှင့်ဇီးကုန်းကျွန်း ကျေးရွာကြား ရွာချင်းဆက် လမ်းပေါ်တွင် မဟာမိတ်အဖွဲ့က မိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Yesagyo PDFက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။

သတင်း

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

သတင်း

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။