Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သစ်ပုတ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၄ဦးသေဆုံးပြီး သေနတ် ၂ လက်ကိုPDFများသိမ်းဆည်းရရှိ

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်နှင့် ပစ္စည်းများ ဓါတ်ပုံ-ပဲခူးPDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်နှင့် ပစ္စည်းများ ဓါတ်ပုံ-ပဲခူးPDF)

ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာ၌ တာဝါတိုင်စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ယ​နေ့​နေ့ခင်းပိုင်တွင်တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်မှ အရာရှိတစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစု​ပေါင်း ၄ ဦး​သေဆုံးပြီး ​သေနတ်နှစ်လက်သိမ်းဆည်းရရှိ​ကြောင်းပဲခူးတိုင်းPDFကထုတ်ပြန်သည်။

ပဲခူးတိုင်း​ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁)နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၂) ဒုတပ်ခွဲမှူးတို့ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက စစ်​ကောင်စီတပ်ကိုယ​နေ့ ( ဇူလိုင်လ၂၈ရက်နေ့) နေ့လယ်(၁)နာရီခွဲအချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာတိုက်ပွဲမှ အထိအခိုက်မရှိပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းသိရသည်။

ပဲခူးတိုင်း PDF တပ်ရင်းများသည်စစ်​ကောင်စီတပ်နှင့်​ဒေါက်တိုက်များကို အရှိန်မြှင့်တိုက်ခိုက်လာ​နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။

သတင်း

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။