Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးပေါက်

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ မြို့တော်ခန်းမအနီး လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် မတ်လအတွင်းက မြို့တော်ခန်းမ နောက်ကျောဘက် စည်ပင်ရုံးဝင်ပေါက်အား တွေ့ရစဥ် (ပုံအဟောင်း အသုံးပြုထားသည်)
ဓာတ်ပုံ - ပြီးခဲ့သည့် မတ်လအတွင်းက မြို့တော်ခန်းမ နောက်ကျောဘက် စည်ပင်ရုံးဝင်ပေါက်အား တွေ့ရစဥ် (ပုံအဟောင်း အသုံးပြုထားသည်)

စစ်ကောင်စီဝင်အများအပြား စောင့်ကြပ်နေသည့် ရန်ကုန်မြို့ မြို့တော်ခန်းမ အနီးတွင် ယနေ့ (ဇူလိုင် ၃၀) နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၁နာရီခန့်တွင် မြို့တော်ခန်းမ နောက်ကျောဘက် စည်ပင်ရုံး ဝင်ပေါက်အနီးတွင် ပေါက်ကွဲသံ ကြားရကြောင်း ကျောက်တံတားမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

” မြို့တော်ခန်းမ နောက်ကျောဘက်မှာ ၁၁နာရီလောက်က ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက် ရတယ်။ အခု လူနာတင်ကားတွေ၊ ရဲကား၊ စစ်​ကားတွေ အများကြီးရောက်နေတယ်။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ လူထိခိုက်မှု မရှိဘူးလို့တော့ သိရတယ် “ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ မြို့တော်ခန်းမအနီး လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း မသိရှိရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင် စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

သတင်း

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။

ဗီဒီယို

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်လအနည်းငယ်အကြာကစပြီး မြို့တော်ခန်းမရှေ့က လမ်းကို ဖြတ်သန်းခွင့်မပေးတော့သည်အထိ လုံခြုံရေးတင်းကြပ်ခဲ့တာပါ။

သတင်း

ယခင်က စစ်ကားသုံးလေးစီးခန့်နှင့် သဲအိတ်အကာအရံများကြား၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချိန်ပြည့်ရှိနေသော်လည်း ယနေ့တွင် မတွေ့ရပေ။