Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန်ရှိ CNFနှင့် CDF ထိန်းချုပ်နယ်မြေများ၌ကျင်းပသည့် ကြားကာလ ပညာသင်ကြားရေး အတန်းတင်စာမေးပွဲ ကျောင်းသား ခုနထောင်ကျော် ဖြေဆို

လာမည့် စက်တင်ဘာတွင် ပညာသင်နှစ်အသစ် ပြန်လည်စတင်ရန် စီစဉ်ထားရာ ကျောင်းသုံးစာအုပ် ပြည့်စုံစွာ ရရှိရေး၌ အခက်အခဲရှိနေသည်ဟု ဆိုသည်။

ဓာတ်ပုံ - The Chin Journal

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ထိမ်းချုပ်နယ်မြေများ၌ ကြားကာလ ပြည်သူ့ပညာရေးဌာန ဦးဆောင်မှုဖြင့် ပထမအကြိမ် ကြားကလစာမေးပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူ ခုနစ်ထောင်ကျော် ဝင်ရောက်ဖြေဆိုခဲ့သည်ဟု The Chin Journal က ဖော်ပြသည်။

အဆိုပါ စာမေးပွဲကို ဇူလိုင် ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပခဲ့သည်ဟုဆိုသည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

“ထန်တလန်မြို့နယ် တောင်ကြော ၅ခုမှာ ကြားကလစာမေးပွဲကို တစ်ပြိုင် တည်း ကျနော်တို့ပြု လုပ်ပါတယ်။ ဖြေဆိုသူကျောင်းသားကျောင်းသူ ၇၀၀၀ ကျော်ရှိကြပါတယ်။ အဲဒီ ၇,၀၀၀ ကျော်ထဲမှာ စစ်ဘေးရှောင်ကလေးတွေက ၃,၀၀၀ ခန့် ရှိကြတယ်” လို့ ထန်တလန်မြို့နယ် ကြားကာလပညာ‌ရေးဌာမှ ပညာရေးမှူး Salai Cross Thang ကပြောကြားကြောင်း The Chin Journalက ဖော်ပြထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အတန်းပြီးမြောက်အောင် မသင်ကြား နိုင်သော ကျောင်းသား၊ကျောင်းသူများကို ၆လတာကာလ သင်ကြားရေးစနစ်ဖြင့် ပညာသင်ကြားပေးခဲ့ရာ ယခု ဇူလိုင်တွင် အတန်းတင်စာမေးပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

ဓာတ်ပုံ - The Chin Journal
ဓာတ်ပုံ – The Chin Journal

လာမည့် စက်တင်ဘာတွင် ပညာသင်နှစ်အသစ် ပြန်လည်စတင်ရန် စီစဉ်ထားရာ ကျောင်းသုံးစာအုပ် ပြည့်စုံစွာ ရရှိရေး၌ အခက်အခဲရှိနေသည်ဟု ဆိုသည်။

ပညာသင်ကြားပေနေသော ဆရာဆရာမများသည် CDM ကျောင်းဆရာ၊ဆရာမများနှင့် volunteer လူငယ်များဖြစ်ကြကြောင်း ဖော်ပြထားသည်။

ထန်တလန်မြို့နယ် ကြားကာလပညာရေးဌာအနေဖြင့် အဆိုပါ ဆရာ၊ဆရာမများအတွက် ထောက်ပံ့ကူညီပေးနိုင်ခြင်းမရှိသော်လည်း ကျေးရွာအလိုက် ပြည်သူများက တက်နိုင်သည့်ဘက်က ကူညီပေးကြောင်း၊ NUG ပညာရေးဌာနကလည်း ကျောင်းသား ဦးရေ ၅၀ တွင် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ကူညီမှုပေးခဲ့ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာ‌ရေးဌာမှ ပညာရေးမှူးက ပြောကြားခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး - ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

သတင်း

ထိုသို့တိုက်ခိုက်ရခြင်းမှာ စစ်ကောင်စီက မတရားသေဒဏ်စီရင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များ အတွက် လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ကန်ပက်လက် CDF အနေဖြင့် စစ်ကြောင်း သုံးခုခွဲ၍ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ဖွဲ့များကို ယနေ့ (ဇူလိုင် ၂၇ရက်) နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

“စကစတွေ ဘတ်ဟိုးနဲ့ အင်အား ၁၁ယောက်လောက်နဲ့ လမ်းရှင်းဖို့လာတာပေါ့။ အဲ့မှာ ကျွန်တော် တို့ လူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပါ”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက ပြောသည်။