Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဩစတြေးလျမြို့တော်ရှိ NUGကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြီးတန်းအရာရှိများ တက်ရောက်မည်ဟုဆို

မြန်မာအသိုင်းအဝန်းရှိ တော်လှန်ရေးအားပေးထောက်ခံသူများက NUG ကိုယ်စားလှယ်ရုံးအတွက် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရုံးခန်းငှားရမ်းခကို လှူဒါန်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာသံရုံးနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည် ဟုဆိုသည်။

ဓာတ်ပုံ - ABC ၊ Supplied
ဓာတ်ပုံ - ABC ၊ Supplied

NUG နှင့် ဩစတြေးလျအစိုးရအကြား နိုင်ငံရေးဆိုင်ရာအဆက်အသွယ်များ မြင့်တက်လာဖွယ်ရှိနေ

ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ဩစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများတက်ရောက်ရန်ရှိနေကြောင်း NUG ကိုယ်စားလှယ်ဒေါက်တာထွန်း အောင်ရွှေက ABC သတင်းဌာနသို့ ပြောသည်။

လာမည့်သီတင်းပတ်တွင် မြို့တော်ကန်ဘာရာ၌ ဖွင့်လှစ်မည့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများတက် ရောက်ရှိခြင်းက ဝန်ကြီးချုပ်အယ်လ်ဘိန်းအစိုးရအနေဖြင့် NUGနှင့် နိုင်ငံရေးဆိုင်ရာအဆက် အသွယ်များတည်ထောင်ရန် ဆန္ဒမြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“လူတွေက NUG ကို လေထဲကအစိုးရအဖြစ်ပြောကြတယ်။ ဒါပေမဲ့ အခုကိုယ်စားလှယ်ရုံးက လေထဲက အဖွဲ့အစည်းသက်သက်သာမဟုတ်ဘူး ဆိုတာကို သတင်းစကားပေးပို့ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဩစတြေးလျ ရဲ့မြို့တော်မှာ တကယ်ကိုလက်တွေ့ကျကျ တည်ရှိနေပါပြီ” ဟု NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကပြောသည်။

အဆိုပါ NUG ရုံးဖွင့်ပွဲသို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ခရီးစဉ်တစ်ခုနှင့် တိုက်ဆိုင်နေ၍ မတက်ရောက်နိုင်သော်လည်း နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန(DFAT)မှ အရာရှိများက ဖိတ်ကြားမှုကို လက်ခံထားသည်။

မြန်မာအသိုင်းအဝန်းရှိ တော်လှန်ရေးအားပေးထောက်ခံသူများက NUG ကိုယ်စားလှယ်ရုံးအတွက် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရုံးခန်းငှားရမ်းခကို လှူဒါန်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာသံရုံးနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည် ဟုဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH ၊ NLDနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးတွဲ၍ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်တော့မည်ဟု ထုတ်ပြန်ခြင်းသည် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။

သတင်း

ကြေညာချက်များ၊ အစည်းအဝေးများ၏ နောက်တွင် တိကျခိုင်မာသည့် လုပ်ကိုင်ဆောင်ရွက်မှုများ အသေအချာကို တွဲပါလာမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်တပ်ကို အပြုသဘောဖြင့် ဆက်ဆံချဉ်းကပ်ခြင်းသည် လက်ရှိရင်ဆိုင်နေရသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်စေမည့် အဖြေဖြစ်နိုင် လိမ့်မည်ဟု ယုံကြည်နေသူများအနေဖြင့်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်တို့၏ သဘောထား အမှန်ကို နားလည်သဘောပေါက်ကြသင့်ပြီဖြစ်ကြောင်း သတိပေးသည်။

သတင်း

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။