Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်မှာ BGF ကားကို KNLA တပ်မဟာ ၅ တိုက်ခိုက်

ဒီတိုက်ခိုက်မှုကြောင့် BGF ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဖာပွန်မှာ BGF ကားကို KNLA တပ်မဟာ ၅ တိုက်ခိုက်
ဖာပွန်မှာ BGF ကားကို KNLA တပ်မဟာ ၅ တိုက်ခိုက်

ကေအဲန်ယူ-မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကမမောင်း-ကတိုင်တိကားလမ်းမပေါ်မှာ နယ်ခြားစောင့်တပ်(BGF)ရဲ့ ကားတစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေတပ်တော်(KNLA)တပ်မဟာ ၅ က တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် BGF ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်(၂၉)ရက် မနက် ၈ နာရီခွဲအချိန်က ဖာပွန်ခရိုင် ကမမောင်း-ကတိုင်တိကားလမ်းမပေါ် ဝါသိုးခိုရွာနားမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ရဲ့ ကားတစ်စီးကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း(၁၀၂)က တပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF ဘက်က သုံးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး နယ်ခြားစောင့်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်အကြပ်ကိုင်သလို အများပြည်သူတွေ ကူးလူးသွားလာတာတွေပိတ်ပင်တာ၊ လယ်မြေခြံတွေတွေအတွင်းကို လက်နက်ကြီးနဲ့ တမင်ရည်ရွယ်ပြီး ပစ်ခတ်နေတာတွေလုပ်ဆောင်နေတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

‌"ရွာမှ တပ်စွဲထားတဲ့ စစ်ကြောင်းက ဒေသခံတွေကို ပြောတယ်။ သယ်နိုင်သလောက် သယ်သွားကြဖို့။ နောက်ထပ်ရောက်လာမယ့်စစ်ကြောင်းက မီးရှို့မရှို့အာမမခံဘူးလို့ပြောလို့ ဒေသခံတွေ ရွာကို စွန့်ခွာနေကြရတယ်"ဟု အထက်ပါ ပြည်သူ့ရဲဘော်က ပြောသည်။

သတင်း

မိုင်းထိမှန်သေဆုံးသည့် အလောင်းများနှင့် ဒဏ်ရာရသူများကို ၁၂ဘီးကားပေါ်တင်၍ ကလေးဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း နှင့် ကျန် စစ်ကောင်စီတပ်များက တမူးဘက်သို့ဆက်လက် ဦးတည်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ လေးဦး ဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။

သတင်း

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။