Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး−ပြင်ဦးလွင်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦးသေနတ်နဲ့ပစ်ခံရ

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ဆေးရုံကိုပို့လိုက်ရပါတယ်။

မန္တလေး − ပြင်ဦးလွင် ကားလမ်းမှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ရဲတပ်ကြပ်တစ်ဦး ဒီနေ့မနက်ပိုင်း ၉ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံလိုက်ရပါတယ်။

မန္တလေး ကနေ ပြင်ဦးလွင်ကိုသွားလမ်းဖြစ်တဲ့ ၁၀၃ လမ်းမပေါ်မှာ ပစ်ခတ်ခံရလိုက်ရတာလို့ဒေသခံအချို့က ပြောပါတယ်။ အဲဒီရဲတပ်ကြပ် ဆိုင်ကယ်နဲ့သွားလာချိန် နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာတဲ့အမျိုးသား နှစ်ဦးက သေနတ်နဲ့ပစ်ခတ်သွားတာလို့သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ်ရဲ့ ဝဲဘက်လက်ပြင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက် ရရှိခဲ့ပြီး ဆေးရုံကိုပို့လိုက်ရပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း မန္တလေး၊ပုသိမ်ကြီးမြို့နယ် တဲကုန်းရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရလိုကသေဆုံးသွားပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အပါအဝင် ဒလန်များ၊ထောက်တိုင်များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုမပြုလုပ်ရန် မြို့ပြတော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ် သတိပေးထားသည်။

သတင်း

အဲဒီလိုပေါက်ကွဲမှုဖြစ်တဲ့ အိမ်ရာ နားမှာ မန္တလေးခရိုင်တရားရုံးရှိပါတယ်။ မန္တလေးခရိုင်တရားမှာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလအတွင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

ပြည်သူလူထု၏ထောက်ခံအား ပေးမှုမရှိသောအာဏာရှင်စနစ်ကို လက်မခံနိုင်၍ G-3 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ G-3 ကျည် (၁၉၄) တောင့် ၊ (၄၀)မမ ကျည် တစ်လုံး၊ MK- 22 ​သေနတ်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ကျည်တောင့် (၂၀) နှင့်အတူ ရဲတပ်သားမှ...

သတင်း

စစ်အုပ်စုသတင်းတွေကို ဝါဒဖြန့်နေတဲ့ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်တွေမှာ သတ်ခံရတဲ့သားအမိတွေဟာ မြိုင် PDF အဖွဲ့က ရဲဘော်တစ်ဦးရဲ့ မအေနဲ့အမ ဖြစ်တယ်လို့ သတင်းဖြန့်နေတာတွေ့ရပါတယ်။