Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြို့သာစက်မှုဇုန်အနီးတွင်စစ်တပ်ယာဥ်များကိုမိုင်းခွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဟုနဂါးနီ​ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ​ပြော

ထိုသို့တိုက်ခိုက်မှုကြောင့် ကားကြီးလေးစီးအနက်၂ စီးမိုင်းမိပြီး ၃ပွင့်တစ်ဦး၊ တစ်ပွင့်နှစ်ဦး အပါဝင်အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိနိုင်​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရသည့် မြို့သာစက်မှုဇုန်အနီးအားယခင်ကမြင်တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းမိုင်းခွဲတိုက်ခိုက်ခံရသည့် မြို့သာစက်မှုဇုန်အနီးအားယခင်ကမြင်တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ တံတားဦး-မြို့သာ-မြင်းခြံလမ်းပေါ်တွင်စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်၏ အရာရှိများအပါအဝင် အများအပြားသေဆုံးနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ၃၀ရက်) နံနက် ၉နာရီခန့်က မြို့သာမှထွက်ခွာလာသ​ည့် အကြမ်းဖက်စစ်တပ်၏ ကားကြီးလေးစီးပါယာဥ်တန်းအား မြို့သာစက်မှုဇုန်အနီးတွင် ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ကားကြီးလေးစီးအနက်၂ စီးမိုင်းမိပြီး ၃ပွင့်တစ်ဦး၊ တစ်ပွင့်နှစ်ဦး အပါဝင်အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသူအများပြားရှိနိုင်​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ရှိသူက “သေတာ၁၀ယောက်ကအတိကျပါဗျ။ ဒဏ်ရာရထားတာတွေလည်းအများအပြားပဲ။”ဟု ပြောသည်။

အကြမ်းဖက်စစ်တပ်သည် သေဆုံးထိခိုက်သူများအား ကားပေါ်တင်ဆောင်ကာ မြင်းခြံဘက်သို့ မောင်းနှင်သွားခဲ့သည်။

မြင်းခြံ-မြို့သာလမ်းပေါ်ရှိနဘူးအိုင်ကျေးရွာ၌ ဆေးကုသမှုခံယူရန်စီစဥ်ခဲ့သော်လည်း မနိုင်နင်း၍ မြို့သာဘက်သို့ ပြန်ထွက်သွားခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်း ၇ လောင်းအား စာသင်ကျောင်းတွင် ထားခဲ့ကြောင်းဒေသခံများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင် ၂၈ ရက်ညကလည်း အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား နှစ်ကြိမ်တိုင် သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံး ကြောင်း Guerrilla Warfare - KPK PDFအဖွဲ့က ထုတ်ပြန်ထားသည်။

သတင်း

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

သတင်း

ပြောက်ကျားစစ်ဆင်ရေးများသည် တိုက်ပွဲပုံဖော်ရန် ခက်ခဲတတ်သဖြင့် ရန်သူ့တပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးတစ်ခုတည်းတွင် ၂ ဆင့်၊ ၃ ဆင့်ထိ ထိခိုက်စေနိုင်ရန် အချိန်ယူပြင်ဆင်ထားလေ့ရှိကြောင်း အသိပေးသည်။

သတင်း

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။