Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် အုပ်ချုပ်​ရေးမှူးသက်​​တော်​စောင့်ပျူအားနွားထိုးကြီးPDFပစ်ခတ်ရှင်းလင်း၊​ သေနတ် ၂လက်နှင့်ကျည်များရ

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)
(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ သက်တော်စောင့် ပျူ​စောထီးတစ်ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့( ဇူလိုင်လ ၂၉ရက်နေ့)မွန်းလွဲပိုင်းက မြင်းခြံမြို့နယ် စံပြကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏သက်တော်စောင့် ၊ လေတပ်မှဒုတပ်ကြပ် ကျော်ဇင်ထွန်းဆိုသူအား မြင်းခြံခရိုင် တပ်ရင်း (၄) နွားထိုးကြီးPDFအဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၎င်းအဖွဲ့က ထုတ်ပြန်သည်။ ​လေတပ်မှ ဒုတပ်ကြပ်​ဟုစာရွက်ဖြတ်ပိုင်းတစ်ခုတွင်​ရေးထား​သော်လည်း သိမ်းဆည်းရမိ​သော ​သေနတ်တစ်လက်တွင် “ပသစ” ဟု​ရေးသားထားသည်ကို​တွေ့ရပြီး ပျူ​စောထီးများကို စစ်တပ်က ​ပေး​လေ့ရှိ​သော​သေနတ်မျိုးသာဖြစ်၍ ပျူ​စောထီးတစ်ဦးသာဖြစ်​ကြောင်း စစ်​ရေး​လေ့လာသူတစ်ဦးက​ပြောသည်။

(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)
(သိမ်းဆည်းရမိခဲ့သည့် သေနတ်နှစ်လက်နှင့်ကျည်များ။ ဓါတ်ပုံ-NRDF)

ကာဗိုင်(၁) လက် ၊ 12 Bore Slide Action Shotgun (၁) လက် 12 Bore Shotgun ကျည်အတောင့် (၂၀)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း နွားထိုးကြီး PDFက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ နွားထိုးကြီး PDFတာဝန်ရှိသူက “အုပ်ကြီးမှာ သက်တော်စောင့်၃ယောက်ရှိတာ။ သူကတစ်ယောက်ထဲကျန်ခဲ့တာ။ အုပ်ကြီးမတွေ့လို့ သူ့ရှင်းခဲ့တာ။”ဟု ပြောသည်။

သေဆုံးသူမှ လေတပ်မှဒုတပ်ကြပ်ဖြစ်ကြောင်းကို ၎င်းနှင့်အတူသိမ်းဆည်းရမိသည့်စာရွက်စာတမ်းများအရသိရကြောင်း နွားထိုးကြီး PDFက ပြောသည်။

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မန္တလေး PDF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခြိမ်းခြောက် အနိုင်ကျင့် ဖျက်ဆီးနေသော ဖက်ဆစ်စစ်တပ်အား အမြစ်ပြတ်ချေမှုန်းရန် အစွမ်းကုန် တွန်းလှန်တိုက်ထုတ်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

သတင်း

မန္တလေးနှင့် မုံရွာရှိ သပိတ်ဦးဆောင်သူအချို့ကချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများ ပို့ချခဲ့ရာမုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပ.က.ဖ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သတင်း

စစ်ကောင်စီတပ်က ရိုက်နှက်ပြီး စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို မုံရွာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၉ရက်) နေ့လည်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။