Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူး​​​မြစ်နံဘေးရှိ ရွာများတွင် သတ်ဖြတ်အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း ပူးပေါင်းအဖွဲ့တို​က်ခိုက်ရာ ၁၁ဦးခန့်သေဆုံးကြောင်း GTRMMU အဖွဲ့ ပြော

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် မြင်းမူမြို့နယ် မူးမြစ်နံဘေးရှိ ကျေးရွာများ ကို ဇူလိုင်၂၇ရက် ကစတင်ကာ ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်ဝင်ရောက်ခဲ့ သည်။

(အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မူးမြစ်နံဘေး တလိုင်းကျွန်းရွာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai)
(အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မူးမြစ်နံဘေး တလိုင်းကျွန်းရွာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမြစ်နံဘေးရှိ ကျေးရွာများအား ဝင်ရောက် ဖျက်ဆီး သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ဦးခန့်သေဆုံး ကြောင်း GTR MMU အဖွဲ့က ထုတ်ပြန်သည်။

ဇူလိုင် ၃ဝ ရက် နံနက် ၁၁နာရီခန့်က မြင်းမူမြို့နယ်ရှိ မူးမန္တလေးရွာ နှင့် အင်းမကျေးရွာတို့အား မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သည် ဂုံညှင်းဆိပ်ကျေးရွာထဲသို့ ဝင်ရောက်ဖျက်ဆီးစဥ် ဒေသတွင်းအဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မူးမြစ်နံဘေး တလိုင်းကျွန်းရွာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai)
(အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မူးမြစ်နံဘေး တလိုင်းကျွန်းရွာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai)

ဒေသတွင်းမဟာမိတ်အဖွဲ့များက ဂုံညှင်းဆိပ်ရွာအတွင်းထိ ဝင်ရောက်တိုက်ခိုက် ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၁ နာရီခန့်အတွင်း စစ်ကောင်စီတပ်သား ၁ဝ ဦးခန့်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် GTR MMU၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂)၊ MMDF၊ မြင်းခြံခရိုင် တပ်ရင်း(၆) စသည့်မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက် ခဲ့ကြခြင်းဖြစ်ပြီး မဟာမိတ်တပ်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး GTRMMU အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မူးမြစ်နံဘေး တလိုင်းကျွန်းရွာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai)
(အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မူးမြစ်နံဘေး တလိုင်းကျွန်းရွာအား မြင်တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai)

စစ်ကောင်စီတပ်သည် စစ်ကိုင်းနှင့် မြင်းမူမြို့နယ် မူးမြစ်နံဘေးရှိ ကျေးရွာများ ကို ဇူလိုင်၂၇ရက် ကစတင်ကာ ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်ဝင်ရောက်ခဲ့ သည်။

ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် မူးမန္တလေးကျေးရွာက လေးဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အိမ်ပေါင်း ၂၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

အလားတူ စစ်ကိုင်းမြို့နယ်‌ ညောင်ပင်ရှည်ရွာ အိမ်ခြေ ၆၀ ကျော်၊ တလိုင်းကျွန်း ရွာ အိမ်ခြေ၅၀ ကျော်ကိုလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဘာသာရေးအဆောက် အဦး (၂၃)လုံး နှင့် ပြည်သူလူထု နေအိမ် ၁,၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရကြောင်း ထုတ်ပြန် သည်။

သတင်း

ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်နေသည်။

သတင်း

ည ၇ နာရီခွဲအချိန်ခန့်တွင် လမ်းကိုဖြတ်သန်းခွင့်ပြန်ပေးခဲ့သည်။ အထက်ပါ ဖြစ်စဉ်၌ ဖမ်းဆီးခံရသူ များရှိသည်ဟု ပြောဆိုမှုများရှိသော်လည်း လူထုနွေဦးအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။