Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းမှုကြောင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း အခြေအနေဆိုးရွားနေပြီလို့ ILO သတိပေး

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

ဓာတ်ပုံ- ILO
ဓာတ်ပုံ- ILO

စစ်တပ်အာဏာသိမ်းပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းအခြေအနေဟာ ဆိုးရွားနေပြီး အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ဒီနေ့မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။

“လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ် “မြန်မာနိုင်ငံရှိ ILO ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က ပြောပါတယ်။

လက်ရှိအခြေအနေဟာ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် နဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ အလုပ်အကိုင် ၁ ဒဿမ ၁ သန်းနည်းပါးသွားတယ်လို့ ILO က ခန့်မှန်းထားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း ကုန်ထုတ်စွမ်းအားဟာ ၈ ရာခိုင်နှုန်းအထိ ကျုံ့ဆင်းသွားပြီး ဒီနှစ် ၂၀၂၂ နှစ် ပထမ နှစ်ဝက်မှာတင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံ ကျုံ့ဆင်းသွားပြန်တယ်လို့ ILO က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

ဒါအပြင် အလုပ်သမားအခွင့်အရေး လည်းဆိုးဆိုးရွားရွား ချိုးဖောက်ခံရမှုတွေကြုံတွေ့နေရတယ်လို့ ILO ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာသွားတာ ၊ဘဏ်လုပ်ငန်းရပ်ဆိုင်းသွားတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေအကြပ်အတည်းတွေ့ရသလို အလုပ်အကိုင်အခွင့်အလမ်းနည်း ကျဆင်းသွားပါတယ်။

ဒါကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့ သွားရောက်ကြတဲ့ မြန်မာတွေ နေ့စဉ်အများအပြားရှိနေပြီး လူငယ်လူရွယ်တွေဟာ ဂျပန် ၊တောင်ကိုရီးယားစတဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ဘာသာရေးအဆောက် အဦး (၂၃)လုံး နှင့် ပြည်သူလူထု နေအိမ် ၁,၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့ရကြောင်း ထုတ်ပြန် သည်။

သတင်း

စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်များ/အတည်ပြုမိန့်များထုတ်ပေးခြင်းတို့ကို ရပ်ဆိုင်းထားပြီးဖြစ်သည်ဟု NUGကဆိုထားသည်။

သတင်း

ပျူစောထီးများအနက်ကျော်ဇောသတင်းရှိသူများကိုသာအများပြည်သူကပျူစောထီးဟုသိရှိနိုင်ပြီးလက်အောက်ငယ်သားများမှာစနစ်တကျစစ်ဆေးမှသာ ပျူစောထီဖြစ်ကြောင်းပေါ်ပေါက်လေ့ရှိသည်ဟုဆိုသည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၃၀ရက်)က အင်းတော် - ဗန်းမောက်လမ်း အင်းတော်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသကာကွယ်ရေးတပ်(PDF) များက အင်းတော်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။