Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုတွင် တစ်ရက်တည်း အုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ယမန်နေ့ည ၇နာရီ ၅၀မိနစ်ခန့်ကလည်း ရွှေဘိုမြို့နယ်၊ တဂနန်းကျေးရွာ​ရှိ အုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ လောင်းကစားဒိုင် ဦးဝင်းမြိုင်ဆိုသူအား တဂနန်းရွာ တောသွားလမ်းပေါ်တွင် အမည်မသိအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

(တအုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးအား PDFတစ်ဖွဲ့က လိုက်လံပစ်ခတ်ရှင်းလင်းခဲ့စဥ်၊ ပုံအဟောင်းကို အသုံးပြု ထားပါသည်)
(တအုံကျေးရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးအား PDFတစ်ဖွဲ့က လိုက်လံပစ်ခတ်ရှင်းလင်းခဲ့စဥ်၊ ပုံအဟောင်းကို အသုံးပြု ထားပါသည်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယမန်နေ့တစ်ရက်တည်း ကျေးရွာအုပ်ချုပ် ရေးမှူးနှစ်ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃၁ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ချောင်းဆုံရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးညွှန့်ဝင်းဆိုသူအား အမည်မသိ အဖွဲ့တစ်ဖွဲ့က ၎င်းနေအိမ်သို့ ဝင်ရောက်ပစ်ခတ် ရှင်းလင်းသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည ၇နာရီ ၅၀မိနစ်ခန့်ကလည်း ရွှေဘိုမြို့နယ်၊ တဂနန်းကျေးရွာ​ရှိ အုပ်ချုပ်ရေးမှူးဟောင်း ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ လောင်းကစားဒိုင် ဦးဝင်းမြိုင်ဆိုသူအား တဂနန်းရွာ တောသွားလမ်းပေါ်တွင် အမည်မသိအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးမှူးဟောင်းတို့ အသက်သေဆုံး ခြင်းရှိ၊မရှိ အတည်မပြုနိုင်သေးပေ။ ထို့အပြင် ၎င်းတို့နှစ်ဦးအား မည်သည့်အဖွဲ့ က ရှင်းလင်းခဲ့သည်ကို မသိရသေးပေ။

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရွှေဘိုခရိုင်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် တရားမဝင်တာဝန်ထမ်းဆောင် လျက်ရှိသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ယူနေသူအားလုံး ၁၀ ရက်အတွင်း ရာထူးနှင့် တာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် ဇူလိုင် ၁၈ ရက်တွင် သတိပေးကြေညာချက်ထုတ်ပြန်ထားသည်။

ပြီးခဲ့သ​ည့် ဧပြီအတွင်းကလည်း ရွှေဘိုမြို့နယ်၊ တအုံကျေးရွာ၏ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးအား ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ (သြဂုတ် ၁ရက်) နံနက် ၇နာရီဝန်းကျင်က အဆိုပါ စည်ပင်အရာရှိအား မုံရွာမြို့ပေါ်ရပ်ကွက် တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ထုတ်ကုန်များ၊ ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်နေသည့်ကုန်ပစ္စ​ည်းများအား သယ်ယူ​ပို့ဆောင်ခြင်းမပြုရန် ဒေသတွင်း PDFများက မကြာခဏ သတိပေးလေ့ရှိသည်။

သတင်း

နွားထိုးကြီး PDFသည် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြောက်ကျားနည်းဖြင့် မကြာခဏ တိုက်ခိုက်နေသည်။

သတင်း

"ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ‌ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။