Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါးမှ ထန်တလန်သို့ စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးနေ၊ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု CNF ပြော

စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

ဟားခါးမှ ထန်တလန်သို့ စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးနေ၊ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု CNF ပြော
ဟားခါးမှ ထန်တလန်သို့ စစ်ကောင်စီတပ်များ ဆက်လက်စစ်ကြောင်းထိုးနေ၊ တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု CNF ပြော

ချင်းပြည်နယ် ဟားခါးမှ ထန်တလန်မြို့နယ်ဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်ရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုး သားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ ပြောကြားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၉ရက်မှစ၍ ထန်တလန်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုး စစ်ရေး လှုပ်ရှားလာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဇူလိုင် ၂၉ကနေ ဟားခါးကနေ ထန်တလန်ဘက်ကို စကစတွေအထွက် ဇူလိုင် ၃၀ ကနေ နှစ်ဖက် တိုက်ပွဲတွေဖြစ်တယ်။ အခုတော့ စစ်ကြောင်း အနည်းဆုံး သုံးကြောင်းခွဲပြီး ထွက်လာနေတယ်။တိုက်ပွဲတော့ ဆက်ဖြစ်နေတာပေါ့။ အခုထိတော့ စကစဘက်က ၁၀ ကျ ၁၄ ထိခိုက်ဒဏ်ရာရတယ်” ဟု ဆလိုင်းထက်နီက ပြောကြားသည်။

ဟားခါး – ထန်တလန်မြို့အကြား သီမစ်ချောင်းသို့သွားရာ ထင်းရှူးတောထဲတွင် ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များ အထိနာပြီး ပြန်ဆုတ်သွားကြောင်း၊ ချင်းတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများ ထိခိုက်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ချင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ပလက်၀မြို့နယ် ရှင်းလက်၀နှင့် ဆင်အိုး၀ကြား၌ စစ်ကောင်စီတပ်က တပ်စခန်းချရန် ပြင်ဆင်နေကြောင်း သတင်းရသည် ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားတပ်မတော် (CNA) တို့ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ချင်းပြည်နယ် တောင်ပိုင်း မတူပီ မြို့နယ်နှင့် ချင်းမြောက်ပိုင်း ဖလမ်း၊ ဟားခါးမြို့နယ်တို့၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA), CDF- ဇိုဖေ၊ CDF-ထန်တလန်နှင့် CDF- ဟားခါး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးထိခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

သတင်း

သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။

သတင်း

"သတင်းအမှန်ကို ခွေးဘက်တော်သားတွေက ဝိုင်းဝန်း ဖုံးဖိနေလို့ ဘာဆက်ပြောရမှန်း မသိတော့ဘူး။ မသိစေချင်လို့ ဖြစ်မှာပေါ့။ သတင်းအမှန်ကို အမြဲ ကာထားတယ်"ဟု သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ကမ္ဘောဒီးယားခရီးစဉ်အတွင်း အမေရိကန်-အာဆီယံ ဝန်ကြီးများအစည်းအဝေးနှင့် အရှေ့အာရှ နိုင်ငံခြားရေးဝန်ကြီးများ၏ ထိပ်သီးဆွေးနွေးပွဲများကို တက်ရောက်မည်ဖြစ်ပြီး အာဆီယံဒေသတွင်းဖိုရမ်၌လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။