Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီပိတ်ခိုင်း

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ပြောဆိုသွားပါတယ်။

နယူးမြန်မာဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသား ၂၅၀ အား ခြောက်လငွေကြေးထောက်ပံ့မည်

ရန်ကုန်မြို့၊ အောင်ဆန်းကွင်းပတ်လည်မှာရှိတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီက ဒီနေ့သြဂုတ်လ ၄ ရက်ကစတင်ပြီး အကန့်အသတ်မရှိပိတ်ခိုင်းလိုက်တယ်လို့ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုပေးနေသူတွေထံကသိရပါတယ်။

အောင်ဆန်းကွင်းဂိတ်တွေကို ပိတ်လိုက်ရတာကြောင့် ပစ္စည်းရောက်ရှိချိန် ရက်ကြာခဲ့ရင် နားလည်ပေးကြဖို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသူအချို့က ဖေ့ဘွတ်ခ်ကနေအသိပေးလာတာတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း အောင်ဆန်းကွင်းက ဂိတ်တွေကို ၃ ရက်တာ စစ်ကောင်စီက ပိတ်ခိုင်းခဲ့ပါသေးတယ်။

ဒီတခေါက်မှာတော့ ဘယ်အချိန် ပြန်ဖွင့်ရမယ့်အချိန် မသိရှိရသေးကြောင်း ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှု လုပ်နေသူအချို့ထံကသိရပါတယ်။

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေဟာ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ပြောဆိုသွားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင်ဩဂုတ် ၂ရက်က ကျောင်းသားကျောင်းသူများ ပါသည့် စက်လှေ ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျောင်းသား ၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေဟာ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

သတင်း

နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

သတင်း

အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား Tour Kubita သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန် မာနိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။