Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပလက်ဝတွင်AAနှင့်စစ်ကောင်စီတိုက်ပွဲများဆက်တိုက်ဖြစ်နေ၊ အင်အားဖြည့်နေ၍ ပိုးပြင်းထန်လာနိုင်ဟု ဒေသခံပြော

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင်ဩဂုတ် ၂ရက်က ကျောင်းသားကျောင်းသူများ ပါသည့် စက်လှေ ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျောင်းသား ၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

AA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CJ
AA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CJ

ချင်းပြည်နယ်ပလက်၀ မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယခုဩဂုတ်လဆန်းပိုင်း၌ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း ပလက်၀ ဒေသခံတစ်ဦးက ပြောသည်။

“နပဒါ ကျေးရွာမှာ ဘုရားကုန်းရှိတယ်။ အဲဒီအနီးတဝိုက်မှာ သူတို့(စစ်ကောင်စီတပ်) နေရာယူထားတယ။ နပဒါ ကျေးရွာ အုပ်စု ထဲက ကျေးရွာတွေရှိတယ်။ အဲဒီ ရွာအနီးတဝိုက်ဖြစ်တာ” ဟု ဒေသခံက ပြောသည်။

ပလက်၀ မြို့နယ် နှပဒါကျေးရွာအုပ်စုအတွင်း ကုလားတန်မြစ်အရှေ့ဘက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေများကို မသိရဟု ၎င်းက ဆိုသည်။

“မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့နေရာမှာတွေက တပ်နေရာတွေ အရှေ့ဘက်ခြမ်းတွေမှာပဲဖြစ်တယ်။ AAနဲ့ စစ်တပ်နဲ့ ဖြစ်တာက အရှေ့ဘက်ခြမ်းတွေမှာပဲ ဖြစ်တာ။ ၁ရက်နေ့ကတည်းကတိုင် ဖြစ်နေပြီ။ ဖြစ်နေပြီး တပ်ဘက်က နည်းနည်း အကျအဆုံးများတယ်လို့ ကြားရတယ်။ ဒါကတော့ အသေအချာမသိဘူး” ဟု ပလက်၀ ဒေသခံက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင်ဩဂုတ် ၂ရက်က ကျောင်းသားကျောင်းသူများ ပါသည့် စက်လှေ ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျောင်းသား ၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

“အခုဟာက နှစ်ဖက် ထိပ်တိုက်ဖြစ်တဲ့အချိန် မတော်တဆ ထိသွားတာမျိုးမဟုတ်ဘဲနဲ့ ရည်ရွယ်ပြီးမှတောင် ပစ်တယ်လို့ ရန်သူလို သဘောထားပြီးမှ ပစ်တယ်လို့ သုံးသပ်ချင်တဲ့ အနေအထားရှိနေတယ်။ အဲဒီနေရာမှာကလည်း တပ်ပဲ အခြေချထားတာ။ အဲဒီတော့ သူတို့က လူထုသွားတဲ့ လှေကို ဘာမှ ကြိုတင် အသိပေးခြင်းမရှိဘဲနဲ့ ဒီလိုမျိုး ပစ်ခတ်မှု လုပ်ရပ်ဆိုတာက မဖြစ်သင့်ဘူး” ဟုလည်း ဒေသခံက ပြောကြားသည်။

ယနေ့ ဩဂုတ် ၄ရက်နေ့အထိ ပစ်ခတ်မှုများ ရှိသည်ဟု သတင်းကြားရသော်လည်း အတိအကျ မသိရဟု ၎င်းကဆိုသည်။

“သူတို့က ထပ်ပြီး ဖြစ်ဖို့ ရှိတယ်ဆိုတာကတော့ အင်အားတွေဖြည့်နေကြတယ်လို့ ကြားတယ်” ဟု ပလက်၀ ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သုံးကောင်လုံးတော့ သေသွားပါပြီ။ (သြဂုတ်) ၁ ရက်နေ့ထဲက လုပ်တာပါ။ အခြေအနေကြည့်ရင်း ဒီနေ့မှစာထုတ်လိုက်တာ"ဟု YPDF(Bahan)မှ တာဝန်ခံ တော် လှန်ရေးရဲဘော်က ပြောသည်။

သတင်း

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေဟာ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

သတင်း

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။