Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ် လက်ပန်ကျင်းရွာတိုက်ပွဲ ပြည်သူ့ရဲဘော် နှစ်ဦးကျဆုံး

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ပန်ကျင်းကျေးရွာ ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-MCRF
လက်ပန်ကျင်းကျေးရွာ ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-MCRF

▪️စစ်ကောင်စီတပ် ဒေသခံလေးဦးထက်မနည်း သတ်ဖြတ်ပြီး ၁၅ ဦးအား ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်ပံကျင်းရွာတိုက်ပွဲတွင် ပြည်သူ့ရဲဘော်နှစ်ဦးကျဆုံးပြီး ဒေသခံ လေးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း Myinmu Civil Revolution Force က ထုတ်ပြန်သည်။

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ပန်ကျင်းကျေးရွာ ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-MCRF
လက်ပန်ကျင်းကျေးရွာ ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-MCRF

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်နှစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ကြောင်း AK(၁)လတ်၊ M-22(၁)လတ်၊M-79(၁) လတ် ဆုံးရှုံးခဲ့ရကြောင်း MCRF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သည် သြဂုတ်၁ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်ပန်ကျင်းရွာကို ရဟတ်ယာဥ်ငါးစီးဖြင့် ပစ်ခတ်ခဲ့သည်။

ထို့သို့ပစ်ခတ်မှု ၁နာရီကျော်ကြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ခန့်ကိုရဟတ်ယာဥ်သုံးစီးဖြင့် ကျေးရွာပတ်ပတ်လည်သို့ချထားခဲ့သည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းဝင်းအတွင်း၌ KG တန်းကလေးများ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများနှင့် ကျေးရွာအတွင်းနေ ဒေသခံ ၁၀၀ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။

စစ်ကောင်စီတပ်သည် စာသင်ကျောင်း၊ဓမ္မာရုံနှင့် ကျေးရွာဆေးပေးခန်းတို့ကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်။ ရွာအတွင်းရှိ နေအိမ်များ၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ မွှေနှောက်ခိုးယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် သားများသည် ကျေးရွာအတွင်းမှ အရာတော်နယ်အစပ်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ဓားစာခံအမျိုးသား ၁၅ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအချိန်ထိ ပြန်လည်လွတ်​မြောက်လာခြင်းမရှိသေးကြောင်း MCRFက အသိပေးသည်။

လွတ်မြောက်လာသည့် ကလေးများနှင့် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊အမျိုးသမီးများကို ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ကြောင်း MCRFက ပြောသည်။

ယမန်နေ့ သြဂုတ် ၃ရက် နံနက်ပိုင်းတွင် ကျေးရွာအတွင်း၌ ကွမ်းခြံတွင်းသေဆုံးပြည်သူတစ်ဦး၊ သေဆုံးအမျိုးသမီးတစ်ဦး၊ လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခံထားရသူ အမျိုးသားတစ်ဦး၊ ထွန်စက်မောင်းနေသူ သေဆုံးအမျိုးသားတစ်ဦး ၂ ရက်အတွင်း အပြစ်မဲ့ပြည်သူရုပ်အလောင်း လေးလောင်းအား တွေ့ရှိရကြောင်း MCRFက ပြောသည်။

“ပြည်သူအလောင်းလေးလောင်းနဲ့ အပြစ်မဲ့တိရစ္ဆာန်အလောင်းများတွေ့ရှိခဲ့ရပြီး ကောင်းမွန်စွာသင်္ဂြိုလ်တာတွေ၊ ပြည်သူပိုင်ပစ္စည်းများအားတွေ့ရှိ၍ ခေတ္တသိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရွာအတွင်းကို ပြည်သူတွေဝင်ထွက်ခွင့် ယာယီပိတ်ပင်ထားပါတယ်။”ဟု MCRFက အသိပေးသည်။

စစ်ကောင်စီတပ်သည် လက်ပန်ကျင်းရွာမှ ဖမ်းဆီးသွားသည့်ပြည်သူ၁၅ဦးကို ခေါ်ဆောင်ပြီး အရာတော်မြို့နယ် ကန်ရင်းကျေးရွာတွင် တပ်စွဲထားကြောင်းသိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင်ဩဂုတ် ၂ရက်က ကျောင်းသားကျောင်းသူများ ပါသည့် စက်လှေ ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျောင်းသား ၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

"ကလေးမြို့တောင်ပိုင်း တိုက်ပွဲပြင်းထန်နေပါသည်။ စကစ ဘက် အကျအရှုံးများပါတယ်။ မိဘပြည်သူများ ကလေးတောင်ပိုင်း သို့ အသွားအလာ မလုပ်ပါရန်မေတ္တာ ရပ်ခံပါတယ်" ဟု CDF - KKGက ထုတ်ပြန်ထားသည်။

သတင်း

အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare - KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

"သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်"ဟု KLG PDF တာဝန်ရှိသူက People's Springသို့ ပြောသည်။