Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ အဓမ္မဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား Tour Kubita သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန် မာနိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီ အဓမ္မဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်
စစ်ကောင်စီ အဓမ္မဖမ်းဆီးထားသည့် ဂျပန်နိုင်ငံသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံခဲ့ရသည့် ဂျပန်နိုင်ငံသား Toru Kubota ကို ပုဒ်မ ၅၀၅ (က)၊ Visa ဖောက်ဖျက်မှု၊ လဝကဥပဒေ ၁၃(၁) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

ဇူလိုင် ၃၀ ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းတွင် “အမှန်တရားကို အမှားတစ်ရာဖမ်းထားသည်” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် မှတ်တမ်းရုပ်သံရိုက်ကူးနေသည့် ဂျပန်နိုင်ငံသားတစ်ဦး အပါအဝင် ဆန္ဒပြလူငယ် ၄ဦး စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဂျပန်နိုင်ငံသားကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းကို ဂျပန်အစိုးရက အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသလို Toru Kubota အပါအဝင် ဆန္ဒပြလူငယ်များ အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျပန်ရောက် မြန်မာနိုင်ငံသားများကလည်း ဆန္ဒပြတောင်းဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း ၌ သတင်းမီဒီယာလွတ်လပ်ခွင့် မရှိတော့သည့်အတွက် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ၊ ပြည်တွင်း၌ အဓိကလှုပ်ရှားနေသည့် CJs network အဖွဲ့တစ်ခုဖြစ်သည့် AAMIJ ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဟယ်ရီက ပြော သည်။

“ဒါဟာပိုပိုပြီး စိုးရိမ်စရာကောင်းတဲ့အခြေအနေပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးထဲက သတင်းမီဒီယာလွတ်လပ်ခွင့် ဆိုတာမရှိတော့ဘူး။ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ဆိုတာ မရှိတော့ဘူး။ ဒါတွေက ငြင်းပယ်လို့မရတဲ့ သက်သေပဲ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို ရှုတ်ချပါတယ် “ဟု ကိုဟယ်ရီက ပြောသည်။

ဇူလိုင် ၃၀ရက်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း City Max အနီး လူ (၁၅)ဦးခန့်ပါဝင်သော ဆန္ဒပြမှုအား ဖုန်း၊ ကင်မယာတို့ဖြင့် မှတ်တမ်းတင်နေစဥ် ထိန်းသိမ်းလိုက်ကြောင်း စစ်ကောင်စီ​၏ ပြန်ကြားရေးက မီဒီယာအချို့အား ထုတ်ပြန်ထားသည်။

Tour Kubota သည် ဇူလိုင် ၂၉ရက်က ဆန္ဒပြပွဲတွင်ပါဝင်မည့်သူများကို ဆန္ဒပြမည့်နေရာသို့ ချိန်းဆိုခဲ့ကြောင်း ထွက်ဆိုသည်ဟု စစ်ကောင်စီပြန်ကြားရေးက ဆိုသည်။

ထို့ကြောင့် ၎င်းအား လဝက ဥပဒေ ၁၃ (က)၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု ၊ ၅၀၅ (က)တို့ဖြင့် အမှုဖွင့်နရားစွဲဆိုထားကြောင်း ထုတ်ပြန်သည်။ လဝကဥပဒေ ၁၃ (က) သည် အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်အထိချမှတ်နိုင်ပြီး ပုဒ်မ ၅၀၅ (က)​မှာ ထောင်ဒဏ်နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဌာန်းထားသည်။

အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသား Tour Kubita သည် အလည်အပတ်ဗီဇာဖြင့် ထိုင်းနိုင်ငံမှတဆင့် မြန် မာနိုင်ငံသို့ ဇူလိုင် ၁ ရက်တွင် ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဇူလိုင်၂၉ ရက်ကလည်း မြင်းခြံမြို့နယ် စံပြကျေးရွာတွင် စကစခန့်အုပ်ကြီး၏ သက်တော်စောင့် ပျူတစ်ဦးကို မြင်းခြံခရိုင် တပ်ရင်း (၄) Natogyi People Defence Force မှ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်နှင့်ကျည်အချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း

မြိုင်သည် စစ်​ကောင်စီတပ်အ​ပေါ်ခုခံ​တော်လှန်မှုအား​ကောင်း​သော​ဒေသဖြစ်သည်။ စစ်​ကောင်စီက​ဒေသခံ ပြည်သူများအလာမခံဘဲ ၎င်းတို့အမာခံလူတစ်ချို့ဖြင့်လုံခြုံ​ရေး မြှင့်၍ ဟန်ပြတပ်​ထောက်ခံပွဲများကို ​ဒေသအနှံတွင် ပြုလုပ်ခဲ့သည်။

သတင်း

ဟုမ္မလင်းမြို့ခံ ကိုကျော်ဝင်းစိန်ကို အကြမ်းဖက်စစ်ကောင်စီက သြဂုတ် ၁ရက် တွင် မန္တလေးမြို့၌ ဖမ်းဆီးသွားခြင်းဟု ကိုကျော်ဝင်းစိန်၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက ပြောသည်။

သတင်း

ထို့ပြင် ဖယ်ခုံမြို့နယ် လွယ်မကူးတောင်ပေါ်တွင်တပ်စွဲထားသော ရန်သူစခန်းအား ဇူလိုင် ၁၃ရက်က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။