Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူနယ် လက်ပံကျင်းရွာအတွက် တန်ပြန်မိုင်းစစ်ဆင်ရေးပြုလုပ်

စစ်ကောင်စီ၏ယာဥ် ၈ စီး မိုင်းထိမှန်ခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ ငါးဦးသေဆုံးပြီး ၃ဝ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူများအနက် ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း CDSOM အဖွဲ့က​ အသိပေးသည်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၏ ရဲဘော်များ အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-CDSOM
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၏ ရဲဘော်များ အား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ ဓာတ်ပုံ-CDSOM

စစ်ကောင်စီတပ်ယာဥ်တန်းကို လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ငါးဦးသေဆုံး ကြောင်း CDSOM ပြော

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် လက်ပံကျင်းအတွက် တန်ပြန်မိုင်းစစ်ဆင်ရေး အဖြစ် အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းအား လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာအပြင်းအထန်ရရှိ ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM) အဖွဲ့က ပြောသည်။

ယမန်နေ့ (သြဂုတ် ၂ ရက်)မွန်းလွဲ ၁နာရီခွဲခန့်က စစ်ကိုင်းမှမုံရွာမြို့သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ၃၂စီးပါ ယာဥ်တန်းအား ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပကျေးရွာကြား တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၉ မိနစ်တွင် အလ္လကပ္ပနှင့် ဘိုးမင်းကြီးကင်းကြားတွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၃၇ မိနစ်တွင် ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တောကြားတွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ယာဥ် ၈ စီး မိုင်းထိမှန်ခဲ့ပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ ငါးဦးသေဆုံးပြီး ၃ဝ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရသူများအနက် ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း CDSOM အဖွဲ့က​ အသိပေးသည်။

အထက်ပါစစ်ဆင်ရေးကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊ Black Eagle Defence Force-MMU၊ People’s Defence Force Myinmu-MMU PDF၊ Myinmu Civil Revolution Force CRF-Myinmu၊ Myinmu Guerilla Force စသည့်မဟာမိတ်၅ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်၍ People’s Springက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

လက်ပံကျင်းရွာအား စစ်ကောင်စီတပ်က သြဂုတ် ၁ရက်နှင့်၂ရက်တွင် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းကာ ဒေသခြံပည်သူ၁၀ ဦးထက်မနည်း သတ်ဖြတ်သွားခဲ့သည်။ ထို့ကြောင့် ယခုမိုင်းစစ်ဆင်ရေးဖြင့် တုန့်ပြန်လိုက်ခြင်းဖြစ်ကြောင်း CDSOM အဖွဲ့က ပြောသည်။

ယမန်နေ့ကလည်း မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း ခုနစ်ကြိမ် ထက်မနည်းတိုက်ခိုက်ခံရကာ သေဆုံးထိခိုက်သူအများအပြားရှိ ကြောင်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနက တရုတ် စစ်တပ်ဟာ ဩဂုတ် ၄ ရက်ကနေ ၇ ရက်အတွင်း ထိုင်ဝမ်ကျွန်းနဲ့ အနီးတဝိုက်မှာ ကျည်အစစ်တွေ အသုံးပြုပြီး စစ်ရေး လေ့ကျင့်မှုတွေ စတင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

သတင်း

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။

သတင်း

အဆိုပါဖြစ်စဉ်ကို ကြိုတင်ဆန်းစစ်ချက်အရ ဗုံးပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ထိုင်းကုမ္ပဏီက ဗုံး​ပေါက်ကွဲသည်ဆို​သောသတင်းများအ​ပေါ်ငြင်းဆိုသည်။

သတင်း

ရေဖြူမြို့နယ်ရှိ အထက်ပါတိုက်ခိုက်မှုများကို DGRF ၊ လောင်းလုံ(ပကဖ)LLPDF ၊ T-PDF စသည့်မဟာ မိတ်တပ်များမှ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။