Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရေယာဉ် သင်္ဘောအုပ်စု ချင်းတွင်းမြစ်အထက် သို့ ​ဆန်တက် လာနေ၍ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်

“သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

(စစ်ကောင်စီ​၏ ရေယာဉ်အုပ်စုကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)
(စစ်ကောင်စီ​၏ ရေယာဉ်အုပ်စုကို တွေ့ရစဉ်၊ ဓာတ်ပုံ - KLG တပ်မဟာ)

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဉ် သ င်္ဘောတစ်စီးအပါအဝင် ရေယာဥ်သုံးစီးမှာ ချင်းတွင်းမြစ်အထက်သို့ ​ဆန်တက်လာနေ၍ မြစ်ရိုးတစ်လျှောက်ရှိ ဒေသခံပြည်သူများ သတိပြုနေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၄ ရက်) နံနက် ၉ နာရီခန့်ကစ၍မုံရွာမြို့နယ် အလုံမင်းဒေါင့်၊ စစ်ပင်ဆိပ်ကမ်းများမှ ထွက်လာသည့် စစ်ကောင်စီရေယာဥ်များသည် တပ်ကူအဖြစ် ထပ်မံတက်လာခြင်းဟု ဆိုသည်။

“သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်”ဟု KLG PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။

စစ်ကိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့သို့ စစ်လက် နက်ရိက္ခာဖြည့်တင်ရန် စစ်ကောင်စီက ချင်းတွင်းမြစ်ကြောင်းမှနေ၍ ဇူလိုင် ၁၈ ရက်ကစ၍ စစ်ရေယာဥ်များကိုပါ အင်အား ဖြည့်တင်းခဲ့သည်။

ထို့ကြောင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၈ ရက်ကစ၍ ၂၀ ရ​က်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်စစ်ကောင်စီတပ်မှ သေဆုံးသူ ဆယ်ဂ ဏန်းအထက်ရှိခဲ့ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားရုပ်အလောင်းတစ်ခုမှာ ချင်းတွင်းမြစ် ကြောင်း၌ မျောပါသည်ကို တွေ့ရှိခဲ့ရသည်။

အဆိုပါတိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီ၏ ရယာဥ်အုပ်စုမှာ လက်ရှိတွင် ဖောင်းပြင်မြို့သို့ရောက်ရှိနေပြီဟု သိရသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့်လည်း ချင်း တွင်းမြစ်ကြောင်း အစုန်၊အဆန် လမ်းကြောင်း အားလုံး ရက်အကန့်အသတ်မရှိ မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း နဂါးညီနောင်တပ်ဖွဲ့(DBTF)က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုအတွင်း Guerrilla fare - KPK နှင့် မဟာမိတ်တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

သတင်း

ဇူလိုင် တတိယပတ်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ထိန်းချုပ်ရန်ကြိုးပမ်းနေ ကြောင်း ဒေသခံစစ်ရေးသတင်း ရင်းမြစ်များက အသိပေးထားသည်။

သတင်း

"ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်"ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။