Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပင်လည်ဘူးမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ဆက်သွယ်ရေးပစ္စည်း များလိုအပ်နေ၍ ထောက်ပံ့လှူဒါန်းပေးကြရန် အကူအညီတောင်းခံ

လတ်တလောတွင် ဆက်သွယ်ရေးစက် အလုံးရေ ၅၀ခန့်အရေးပေါ်လိုအပ်နေ သည်ဟု ဆိုသည်။ ဆက်သွယ်ရေးစက်တစ်လုံးလျှင် နှစ်သိန်းကျပ်ခန့်မှစ၍ အရည်အသွေးအလိုက် အစားစားရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

ပင်လည်ဘူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် ဆက်သွယ်ရေး ပစ္စည်းများ လိုအပ်နေ၍ ထောက်ပံ့လှူဒါန်းပေးကြရန် တော်လှန်ရေးအင်အားစု များက အကူအညီ တောင်းခံသည်။

ပင်လယ်ဘူးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန် ရေးစာမျက်မှာဖြစ် သော Pinlebu Revolution – PRမှတစ်ဆင့် ပြည်သူလူထု ထံ ယနေ့ ထုတ်ပြန်အသိပေးခြင်း ဖြစ်သည်။

” ရဲဘော်များရဲ့ ဆက်သွယ်ရေးပစ္စည်းခက်ခဲမှုက ပစ္စည်းအဟောင်းများရှာပြီး၊နှစ်လုံး တစ်လုံး၊ သုံးလုံး တစ်လုံးပေါင်းပြင်ပြီး အသုံးပြုနေကြရတာပါ။တိုက်ပွဲမှာ အောင်နိုင်ဖို့ဟာရန်သူ့ထက် ခြေတစ်လှမ်းသာဖို့လိုပါတယ်။ ရန်သူ့ထက် ခြေတစ်လှမ်းသာဖို့ကလည်း သတင်းဆက်သွယ်ထောက်လှမ်းရေးက အဓိကကျပါတယ်”ဟု Pinlebu Revolution – PRက ထုတ်ပြန်ထားသည်။

လတ်တလောတွင် ဆက်သွယ်ရေးစက် အလုံးရေ ၅၀ခန့်အရေးပေါ်လိုအပ်နေ သည်ဟု ဆိုသည်။ ဆက်သွယ်ရေးစက်တစ်လုံးလျှင် နှစ်သိန်းကျပ်ခန့်မှစ၍ အရည်အသွေးအလိုက် အစားစားရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။

ပင်လည်ဘူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်ရေး စက်များ လှူဒါန်းလိုပါက Pinlebu Revolution – PR၏ လူမှုကွန်ရက်စာမျက်နှာ

https://www.facebook.com/Pinlebu-Revolution-PR-107181725124440/

မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"မဲကနေရရှိလာတဲ့ Fundငွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ကြားကာလပညာရေးကို ဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေဆီပေးပို့သွားမှာ ဖြစ်ပါတယ်ခင်ဗျ"ဟု BRFP က အသိ ပေးသည်။

သတင်း

“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force - Kanpetlet က"ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

သတင်း

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေရွာများသို့ အကြမ်းဖက်စစ်တပ်မှ လေယာဥ် လေးစီးဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံသူအချို့ရှိကာ ပိတ်မိနေသူအများအပြားရှိ ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။