Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင် – ပခုက္ကူလမ်းပိုင်း ရဟန်းသံဃာများဖြတ်သန်းသွားလာခြင်း ခေတ္တရပ်ဆိုင်း ပေးရန် မြိုင်(ပကဖ) လျှောက်ထား

သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာများအနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းအား အသုံးမပြုစေလိုကြောင်းနှင့် ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ်ပေးပါရန် မြိုင်(ပကဖ)က လျှောက်ထားသည်

(မြိုင် - ပခုက္ကူလမ်းတွင် PDFအဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဥ်)
(မြိုင် - ပခုက္ကူလမ်းတွင် PDFအဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဥ်)

မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းအား ရဟန်းသံဃာများ ဖြတ်သန်း သွားလာခြင်းမပြုပါရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြိုင်က လျှောက်ထားတင်​ပြသည်။

မြိုင်(ပကဖ)က ယနေ့ (သြဂုတ် ၄ရက်)ညပိုင်းတွင် အရေးပေါ်သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါ ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သည် မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာတွင် ရဟန်းသံဃာ အယောင်ဆောင်များဖြင့် ဝင်ရောက်၍ ဒေသခံပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း၊ PDF များကိုမဖော်ပါက အိမ်မီးရှို့ပစ်မည်၊ သတ်ပစ်မည်၊ အရေးယူမည် စသည့်စကားရပ်များဖြင့် ခြိမ်းခြောက်ကာ ပြောဆိုထိန်းသိမ်းခံထားရကြောင်း မြိုင်(ပကဖ)၏ ထုတ်ပြန်ချက်တွင် အသိပေးသည်။

သာသနာကို အတုအယောင်ပြု၍ လုပ်ဆောင်နေမှုအပေါ် ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်၍ ရဟန်းသံဃာများအနေဖြင့် မြိုင်-ပခုက္ကူ လမ်းပိုင်းအား အသုံးမပြုစေလိုကြောင်းနှင့် ဆရာတော်ဘုရားများအား ဖြတ်သန်းသွားလာမှု ရှောင်ကျဥ်ပေးပါရန် မြိုင်(ပကဖ)က လျှောက်ထားသည်။

ပြည်သူများလည်း ကူညီသည့်အနေဖြင့် လိုက်နာပေးပါရန် မြိုင်(ပကဖ)က အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ယာယီပိတ်ရခြင်းနှင့်ပတ်သက်၍ နတ်တောင်နဂါး(ပ.က.ဖ) ပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သတင်း

အဆိုပါကျောင်းများ၌ သင်ကြားရေးတာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂,၅၀၀ ခန့်ရှိပြီး ၎င်းတို့အား မြို့နယ်ပညာရေးဘုတ်အဖွဲ့မှ ငွေကြေးထောက်ပံ့ပေးနိုင်ခြင်းမရှိသေးဘဲ ကိုယ်ထူကိုယ်ထ လုပ် ကိုင်နေကြခြင်းဖြစ်သည်ဟု ပညာရေးဘုတ်အဖွဲ့က အသိ ပေးသည်။

သတင်း

လမ်းပိုင်းအား လွတ်လပ်စွာအသုံးပြုနိုင်မည့်အချိန်အား ပြန်လည်တင်ပြပေး သွားမည်ဟု အသိပေး ထားသည်။

သတင်း

ထိုကဲ့သို့ လှူဒါန်းမှုဖြင့်ပတ်သက်ပြီး မိမိတို့ ပိုင်ဆိုင်သည့် နားကပ်နှင့် လက်စွပ်များပါ ချွတ်ပြီး ထောက်ပံ့ကြသည့် အညာသူ၊ အညာသားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို လေးစားမိကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ရက် ၌ မှတ်ချက်ပြုရေးသားခဲ့သည်။