Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရမည်းသင်းတွင် CDM စစ်သားက သစ္စာဖောက်ကာထွက်ပြေးပြီး စစ်တပ် ခေါ်လာ၍ ​Y-PDF Yamethin ယာယီစခန်းဖျက်ဆီးခံရ

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် ​Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။

(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)
(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်တွင် CDM ပြုလုပ်ထားသည့် စစ်သား သစ္စာဖောက်၍ ယာယီစခန်း စီးနင်းဖျက်ဆီးခံရပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများအပါအဝင် ကျပ်သိန်း ၂၀၀ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း Y-PDF Yamethin က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် ​Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။

(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)
(ဖျက်ဆီးခံခဲ့ရသည့် ​Y-PDF Yamethin၏ ယာယီစခန်းအား တွေ့ရစဥ်၊ ဓာတ်ပုံ- ​Y-PDF Yamethin)

ဖြစ်စဥ်မှာ ထိုနေ့ညနေတွင် စစ်ဆင်ရေးပြုလုပ်ရန် အသီးသီးတာဝန်ခွဲဝေ ပြင်ဆင်နေချိန် စွန်ရဲ(ခ)Kaung sat အကောင့်ပိုင်ရှင် ကောင်းဆက်လွင် (CDM စစ်သား)သည် သစ္စာဖောက်၍ ထွက်ပြေးသွားသည်ဟု ​Y-PDF Yamethin၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ထွက်ပြေးသွားသူစစ်သားသည် စစ်ကောင်စီတပ်အား လမ်းပြခေါ်ယူခဲ့ရာ အဖွဲ့မှာ လူစုခွဲ အလုပ်လုပ်နေချိန်ဖြစ်သောကြောင့် လူအင်အား၊ လက်နက် အင်အားမမျှတသဖြင့် စခန်းစွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ​Y-PDF Yamethinက အသိပေးသည်။

ယင်းစခန်းကျဆုံးမှုကြောင့် လက်နက်ခဲယမ်း ၊ ရိက္ခာများနှင့် ဆိုင်ကယ်(၃)စီး အပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း Y-PDF (Yamethin)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး ​Y-PDF Yamethinထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"သတင်းထောက်လှမ်းထားတာတော့ အင်အား ၁၀၀ ကျော်လောက်ပါတယ်။ လက်နက်၊ခဲယမ်းတစ်ချို့ပါတယ်။ ခန္တီးအထိ တက်မယ်လို့သိရတယ်"ဟု KLG PDF တာဝန်ရှိသူက People's Springသို့ ပြောသည်။

သတင်း

မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်းလည်း သံအမတ်ကြီးက ပြောသည်။

သတင်း

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

သတင်း

အထိနာသွားသည့်အကြမ်းဖက်စစ်တပ်သည်လက်နက်အမြောက်အများ ရမ်းသမ်းပစ်ခတ်ကာမခေါက်ရွာဘက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။