Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နယ်မှ ကြားကာလပညာရေးကျောင်းများသို့ ထောက်ပံ့မည့် စာအုပ်မဲလက်မှတ်များ ဝယ်ယူနိုင်ပြီ

“မဲကနေရရှိလာတဲ့ Fundငွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ကြားကာလပညာရေးကို ဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေဆီပေးပို့သွားမှာ ဖြစ်ပါတယ်ခင်ဗျ”ဟု BRFP က အသိ ပေးသည်။

အရာတော်နယ်မှ ကြားကာလပညာရေးကျောင်းများသို့ ထောက်ပံ့မည့် စာအုပ်မဲလက်မှတ်များ ဝယ်ယူနိုင်ပြီ
အရာတော်နယ်မှ ကြားကာလပညာရေးကျောင်းများသို့ ထောက်ပံ့မည့် စာအုပ်မဲလက်မှတ်များ ဝယ်ယူနိုင်ပြီ

မုံရွာခရိုင် အရာတော်မြို့နယ်အတွင်းရှိ ကြားကာလပညာရေးကျောင်းများသို့ ထောက်ပံ့ပေးမည့် “အညာဒေသရဲ့ ကိုယ်ထူကိုယ်ထပညာရေး လက်မှတ်ဝယ်ရင်းပျိုးထောင်ပေး”အစီအစဥ်မှ စာအုပ်မဲလက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း Book Raffle Fundraising Program – BRFP က အသိပေးထုတ်ပြန်သည်။

စာအုပ်မဲတစ်မဲကို ကျပ် ၅,၀၀၀ နှုန်းဖြင့် ဝယ်ယူနိုင်ပြီး သြဂုတ် ၂ ရက်ကနေ ၁၂ ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး BRFP နှင့် အရာတော်ပို့စ်တို့ ပူးပေါင်းစီစဥ်ခြင်း ဖြစ်သည်။

“မဲကနေရရှိလာတဲ့ Fundငွေကိုတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ကြားကာလပညာရေးကို ဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေဆီပေးပို့သွားမှာ ဖြစ်ပါတယ်ခင်ဗျ”ဟု BRFP က အသိ ပေးသည်။

အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း(၁၅၅) ရွာရှိရာ ကျေးရွာ (၅၄)ရွာတွင် ကြားကာလပညာရေးကို ကိုယ် ထူကိုယ်ထအနေဖြင့် အကောင်အထည်ဖော်နေကြခြင်းဖြစ်ပြီး CDM ဆရာ၊ ဆရာမများ၊ ရွာခံ CDM တက္ကသိုလ်ကျောင်းသားလူငယ်များမှ ကူညီပြီး စာသင်ပြပေးနေကြကြောင်း ဖော်ပြသည်။

“ကျွန်မတို့ အကူအညီရရင် လိုချင်ပါတယ်ရှင့်။ ကျွန်မတို့ ပုံနှိပ်တွေလည်း အပြည့်အစုံမရှိဘူးရှင့်။ နောက်သင်တန်း ဂိုက်လိုင်းသဘောများလည်း ဘာမှ မရှိထားဘူးရှင့်။ စနစ်သစ်က အခုသင်နေကြပြီဆိုတော့ ကျွန်မတို့လည်း စနစ်သစ်တွေအတိုင်း သင်ချင်ပါတယ်”ဟု အရာတော်နယ်မှ CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။

လက်ရှိတွင် NUG ကပေးသည့် ဖက်ဒရယ်သင်ရိုးညွှန်း တမ်းများကို ကျောင်းများသို့ ပြန်လည်ဖြန့်ဝေရန် ရင်း မြစ်များ လိုအပ်နေပြီး စစ်ရေးတင်းမာသည့်ဒေသဖြစ်သောကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးလာလျှင် ကျေးရွာများရော ကျောင်းများပါ ပြေးရလေ့ရှိကာ စစ် ကြောင်းပြန်ထွက်မှသာ စာပြန်သင်ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းကဆိုလျှင် အရာတော်မြောက်နယ်က၊ ရွာတစ်ရွာကို စစ်တပ်‌စစ်ကြောင်းထိုးရင်း ကြား ကာလကိုယ်ထူကိုယ်ထကျောင်းကို စစ်တပ်က မီးရှို့သွားခဲ့ကြောင်း ဖော်ပြသည်။

ကျောင်းများ ရန်ပုံငွေရရှိရေးနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနထံ မြို့နယ်(ပအဖ)မှတဆင့်ချိတ်ဆက်ထားပြီးဖြစ်သော်လည်း သီးခြားရန်ပုံငွေချထားပေးခြင်း မရှိသေးသောကြောင့် ကိုယ်ထူ ကိုယ်ထ ဆက်လက်ရပ်တည်နေရသော ကျောင်းများအတွက် ယခုရန်ပုံငွေရှာဖွေခြင်းအစီအစဥ်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အသိပေးသည်။

“ကျေးရွာအားလုံးက ပကဖ၊ ပအဖ တွေနဲ့ပေါင်းပြီး ကြား ကာလပညာရေးကို စနစ်တကျအကောင်အထည်ဖော်ဖို့ လုပ်နေပါတယ်။ ပြီးတော့ NUG ပညာရေးဝန်ကြီးဌာနကို တင်ပြပြီး NUG အသိအမှတ်ပြုတဲ့ ကျောင်းတွေဖြစ်လာဖို့ရော ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ လက်ရှိမှာတော့ NUG က အကူအညီမရသေးတဲ့အတွက် ကျွန်တော်တို့ တတ်နိုင်သလောက် ပြင်ပအကူအညီရှာဖွေနေရတယ်”ဟု အရာတော် ပအဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာအုပ်မဲဝယ်ယူခြင်းဖြင့် ရရှိနိုင်သော ဆုမဲများတွင်CDM ဝန်ထမ်းတစ်ဦး ကိုယ်တိုင်ထိုးပေးထားသော အစ်မတစ်ယောက်ထိုးပြီးလှူပေးထားတဲ့ အမေစုပုံလက်မှုလက်ရာတစ်ခု၊ စာအုပ်တစ်သိန်းဖိုးဝယ်ယူခွင့်၊ စာအုပ်ခုနစ်သောင်းဖိုးဝယ်ယူခွင့်နှင့် စာအုပ်ငါးသောင်းဖိုးဝယ်ယူခွင့်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လာမည့် စက်တင်ဘာတွင် ပညာသင်နှစ်အသစ် ပြန်လည်စတင်ရန် စီစဉ်ထားရာ ကျောင်းသုံးစာအုပ် ပြည့်စုံစွာ ရရှိရေး၌ အခက်အခဲရှိနေသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဇီးပင်လယ်ရွာသို့ အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး မီးရှို့ဖျက်စီးသွားကာ နေအိမ်များမွှေနှောက်၍ ပစ္စည်းအချို့ ခိုးယူခံခဲ့ရကြောင်းလည်း Danger Force LPDF ဆို သည်။

သတင်း

စစ်အုပ်စုမှ စတင်အာဏာသိမ်းယူခဲ့သည့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်တွင် ကြားကာလပညာသင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ပညာသင်ကြားခွင့်ရခဲ့ကြောင်း ဆရာမများသမဂ္ဂ၏ စာရင်းများအရ သိရသည်။

သတင်း

ယမန်နေ့ကလည်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေရွာများသို့ အကြမ်းဖက်စစ်တပ်မှ လေယာဥ် လေးစီးဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံသူအချို့ရှိကာ ပိတ်မိနေသူအများအပြားရှိ ကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။