Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနှင့် ကန့်ဘလူနယ်စပ်ရှိ ဒုက္ခသည်ပေါင်းတစ်သောင်းကျော် အရေးပေါ်အကူအညီလိုအပ်နေ

ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများ၌ ဇူလိုင်လ၁၈ရက်နေ့က ပြည်သူ ၄၀ကျော်သတ်ဖြတ်ခံရပြီး အိမ်ပေါင်း၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)
(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)

စစ်​ကောင်စီတပ်၏အကြမ်းဖတ်သတ်ဖြတ်မီးရှို့ခြင်းခံခဲ့ရသော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူနယ်စပ်တွင် ဒုက္ခသည်ပေါင်း သောင်းချီရှိနေပြီး အကူအညီများလိုအပ်နေကြောင်း KURDAF အဖွဲ့က ပြောသည်။

ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ် နယ်စပ်ရှိ ကျေးရွာများ၌ ဇူလိုင်လ၁၈ရက်နေ့က ပြည်သူ ၄၀ကျော်သတ်ဖြတ်ခံရပြီး အိမ်ပေါင်း၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထိုဒေသ၌စစ်ဘေးရှောင်နှင့်မီးဘေးဒုက္ခသည်တစ်သောင်းနီးပါးရှိကြောင်း၊ သောက်သုံးရေ၊ ဆေးဝါး၊ မိုးကာနှင့် ဆန်များ ဆက်လက် လိုအပ်နေကြောင်း KURDAF အဖွဲ့က ပြောသည်။

ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF) သီးသန့် ခေါင်းစဉ်ဖြင့် အလှူခံပြီး ပို့ပေးခဲ့ကာ ထမင်းထုတ် (၁၀၀၀)နှင့် ဆန်အိတ် (၁၅) အိတ် ပေးပို့၍ ကနဦး ကူညီပေးခဲ့သည်။

(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)
(စစ်​ဘေး​ရှောင်ပြည်သူများကိုခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစုက လှူဒါန်းပေးနေစဥ်။။ဓါတ်ပုံ-KURDAF)

“၁၂သိန်းဖိုးနီးပါး ပြည်သူလူထု ကူညီမှုဖြင့် KURDAF ဆောင်ရွက်နိုင်ခဲ့ပါတယ်။”ဟု KURDAFအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဆက်လက်ပြီး ဒေသခံ ၊ စစ်ဘေးရှောင်၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်းလိုပါက KURDAF NUG Pay (kurdaf*nugpay.app) အကောင့် ကို လှူဒါန်းနိုင်ကြောင်း KURDAF အဖွဲ့က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် နှင့် ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာ ကြားတွင် စစ်ဘက်သုံး ရဟတ်ယာဉ် ဖြင့် အကြမ်းဖက်စစ်သားများပို့ခြင်း နှင့် Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုစစ်ကြောင်းနှင့် တည့်တည့်တိုးသော သာဝတ္ထိကျေးရွာက ပြည်သူတစ်ဦး သတ်ဖြတ်ခံရပြီး အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူနယ် ကျီစုရွာကို ဆက်လက် စစ်ကြောင်းထိုးခဲ့သည်။

ကျီစု ကျေးရွာတွင် သတ်ဖြတ်ခံရသူ စုစုပေါင်း ပြည်သူ အလောင်း (၄၀)နှင့် အထက်ရှိသည်ဟု သိရပြီး အိမ်ခြေပေါင်း (၃၀၀) နီးပါး မီးရှိုခံခဲ့ရပြီး သတ်ဖြတ်ပြီးသော အလောင်းများကို အိမ်များထဲတွင် ထည့်သွင်းကာ မီးရှို့ပစ်ခဲ့ကြကြောင်း KURDAFအဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျဆုံးကာကွယ်ရေးခေါင်းဆောင်သည် ထိုကလေးငယ်ကို ဆေးကုသရန် ကားဖြင့်ကယ်ထုတ် လာစဥ် ရွာအနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန် ကျဆုံးခဲ့သွားခဲ့ခြင်း ဖြစ်သည်။

သတင်း

ယမန်နေ့ (ဇူလိုင်၃၀ရက်) မွန်းလွဲ ၂နာရီခန့်က ရေဦးမြို့အဝင် ကြာပန်းဝိုင်း ဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတား အရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများဆီ ဒရုန်းတစ်စီး ဝဲကာ လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြ​ည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။

သတင်း

စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထား သည်။