Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဥကရစ်ထနယ်မြေထဲတိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူ တစ်ရာလောက်ရှိတယ်လို့ဆို

ခြင်္သေ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဥကရစစ်ထစခန်းတိုက်ပွဲအတွင်း ခြင်္သေ့စစ်ကြောင်းဘက်က ရဲဘော်နှစ်ဦးဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ခြင်္သေ့စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဥကရစ်ထနယ်မြေထဲတိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူ တစ်ရာလောက်ရှိတယ်လို့ဆို
ဥကရစ်ထနယ်မြေထဲတိုက်ပွဲတွေမှာ လေးရက်အတွင်း စစ်တပ်ဘက်က သေဆုံးဒဏ်ရာရသူ တစ်ရာလောက်ရှိတယ်လို့ဆို

ဝေါ်လေဒေသအနီး ဥကရစ်ထနယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ ခြင်္သေ့စစ်ကြောင်းအပါအဝင် ပူးပေါင်းစစ်ကြောင်းတွေအကြား လေးရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးနဲ့ဒဏ်ရာရရှိသူဦးရေတစ်ရာခန့်ရှိနိုင်တယ်လို့ ခြင်္သေ့စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ခြင်္သေ့စစ်ကြောင်းစိုးမိုးနယ်မြေအတွင်း နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဇူလိုင်(၃၀)ရက် ညနေ(၄)နာရီက ဥကရစ်ထနယ်မြေအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲဟာ ဩဂုတ်(၂)ရက်အထိ ကြာမြင့်ခဲ့ကာ အဆိုပါတိုက်ပွဲမှာ ခြင်္သေ့စစ်ကြောင်းနဲ့အတူ အခြားပူးပေါင်းစစ်ကြောင်းတွေလည်း ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီလေးရက်တာအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီဘက်က သေဆုံးနဲ့ဒဏ်ရာရသူဟာ (၁၀၀)ဝန်းကျင်အထိရှိနိုင်ကြောင်း ကနဦးမှန်းဆချက်တွေအရသိရပြီး ခြင်္သေ့စစ်ကြောင်းကွန်မန်ဒိုအဖွဲ့ဘက်ကတော့ အသက်(၂၁)နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကျော်သီဟဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်စွန့်လှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ခြင်္သေ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဥကရစစ်ထစခန်းတိုက်ပွဲအတွင်း ခြင်္သေ့စစ်ကြောင်းဘက်က ရဲဘော်နှစ်ဦးဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ခြင်္သေ့စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့နံနက် ၁၁ နာရီကျော်က သံဖြူဇရမ်မြို့ဘက်မှ ရေးမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်များလိုက်ပါသည့် ဖောကားနှစ်စီးနှင့် အိမ်စီးကားတစ်စီးတို့အား အောင်သာရွာနှင့် ကဖော့ကနင်ရွာကြားတွင် မဟာ မိတ်များနှင့်အတူ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။

သတင်း

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် ​Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။

သတင်း

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။