Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့် ရဲဘော်နှစ်ဦးကျဆုံးခဲ့ရ၊ ဝမ်းနည်းကြောင်း KURDAF ထုတ်ပြန်

ကျဆုံးကာကွယ်ရေးခေါင်းဆောင်သည် ထိုကလေးငယ်ကို ဆေးကုသရန် ကားဖြင့်ကယ်ထုတ် လာစဥ် ရွာအနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန် ကျဆုံးခဲ့သွားခဲ့ခြင်း ဖြစ်သည်။

(ကျဆုံးရဲဘော်နှစ်ဦး၏ အုတ်ဂူအား တွေ့ရစဉ်၊ ဓာတ်ပုံ-KURDAF)
(ကျဆုံးရဲဘော်နှစ်ဦး၏ အုတ်ဂူအား တွေ့ရစဉ်၊ ဓာတ်ပုံ-KURDAF)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့်ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး ၎င်းတို့အတွက် ဝမ်းနည်းကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု(KURDAF)အဖွဲ့က ယမန်နေ့ (ဇူလိုင် ၃၁)က ထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက်က ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)၏ မဟာမိတ်အဖွဲ့ဝင် ဒေသခံကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

၎င်းရဲဘော်နှစ်ဦးသည် ခင်ဦးမြို့နယ်၊ ယာတော်-ဥယျာဉ်-သာဝတ္ထိ-မုံလှ-ကျီစုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းနှင့် တည့်တည့်တိုးပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဇူလိုင် ၂၆ ရက်ကလည်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)၏ မဟာမိတ်အဖွဲ့ဝင်ကာကွယ်ရေး ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့သည်။

ထိုနေ့က ခင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်သင့်ခဲ့သည်။

ကျဆုံးကာကွယ်ရေးခေါင်းဆောင်သည် ထိုကလေးငယ်ကို ဆေးကုသရန် ကားဖြင့်ကယ်ထုတ် လာစဥ် ရွာအနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန် ကျဆုံးခဲ့သွားခဲ့ခြင်း ဖြစ်သည်။

ကျဆုံးသွားသော ဒေသခံကာကွယ်ရေး ခေါင်းဆောင်နှင့် ရဲဘော်နှစ်ဦး၏ ခေါင်းဆောင်ပီသမှု ၊ စွန့်လွတ်မှု ၊ ရဲရင့်မှုတို့အတွက် ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့(၈)ဖွဲ့က အလေးနီပြုပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

ထို့အပြင် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် မပြီးဆုံးသေးသော စစ်အာဏာရှင် စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)က ကတိပြုခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရပြီး လက်ပစ်ဗုံး များပင်သုံး၍ တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြိုင်(ပကဖ)က အသိပေးသည်။

သတင်း

“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force - Kanpetlet က"ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ် အရှေ့ပိုင်းကို စစ်ကြောင်း ထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

သတင်း

ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။