Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

MAJA မှ လျှောက်လွှာအရောင်းပိတ်လိုက်ကြောင်း အသိပေးချိန် ရုံးရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်၊ စစ်တပ်က လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွား

N4 လျှောက်လွှာရောင်းချပေးနေသည့် MAJA ရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာက လူစုမခွဲပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသည်ဟု ကိုယ် တိုင်ကြုံခဲ့ရသော လူငယ်များက ပြောသည်။

(Japanese-Language Proficiency Test-JLPTစာ​မေးပွဲ​လျှောက်လွှာဝယ်ယူရန် တန်းစီနကြသူများ။ ဓါတ်ပုံ-CJ)
(Japanese-Language Proficiency Test-JLPTစာ​မေးပွဲ​လျှောက်လွှာဝယ်ယူရန် တန်းစီနကြသူများ။ ဓါတ်ပုံ-CJ)

ဂျပန်နိုင်ငံသို့သွား​ရောက်အလုပ်လုပ်ကိုင်နိုင်ရန် ဂျပန်ဘာသာအရည်အချင်းစစ်စာ​မေးပွဲ(JLPT) N4 လျှောက်လွှာများကို အရောင်းပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်များအသင်း (MAJA)၊ စာမေးပွဲဖြစ်မြောက်ရေးကော်မတီကအသိပေးချိန်တွင် လျှောက်လွှာရောင်းသည့်ရုံးရှေ့တွင် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်သွားရောက်တန်းစီခဲ့သူများက ပြောသည်။

ယနေ့(သြဂုတ် ၅) နံနက်၅ နာရီကျော်တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်းအတွင်း ၂၀၂၂ ဒီဇင်ဘာတွင်​ဖြေဆိုမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာ​မေးပွဲ-JLPT N4 လျှောက်လွှာများ ရောင်းချပေးခဲ့ရာ ဝယ် ယူရန် လာရောက်တန်းစီသူ ၅,၀၀၀ ခန့်ရှိပြီး ထိုသို့ လူဦးရေများပြား၍ လူစုလူဝေးဖြစ်ပေါ်သည်ဆိုကာ MAJA က မနက် ၆ နာရီခန့်တွင် လျှောက်လွှာအရောင်းရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

“မနက်၆ နာရီလောက်မှာ လူအုပ်ကြောင့် မရောင်းပေးတော့ဘူးလို့ MAJA page က ကြေငြာတဲ့အတွက် ဒေါသထွက်ပြီး ခဲလုံးတွေနဲ့ ပေါက်ကြလို့ ပြတင်းပေါက်မှန်တွေပါ ကွဲတယ်”ဟု N4 လျှောက်လွှာဝယ်ယူရန် ကိုယ်တိုင်သွားရောက်တန်းစီခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

MAJA ရုံးရှေ့၌ လျှောက်လွှာဝယ်ယူမည့်သူများဖြင့် လူစုလူဝေးဖြစ်လျှက်ရှိစဥ်ရုံးနှင့်မလှမ်းမကမ်းရှိကမာရွတ်(၉)ရပ်ကွက်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ မီးသတ်ကားသံများ၊ စစ်ကားများရောက်ရှိလာရာ လူအုပ်စုမှာ ပို၍မငြိမ်မသက်ဖြစ်လာပြီး ရုန်းရင်းဆန်ခတ်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ယင်းလူငယ်က ပြောသည်။

ထို့နောက် N4 လျှောက်လွှာရောင်းချပေးနေသည့် MAJA ရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာက လူစုမခွဲပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသည်ဟု ကိုယ် တိုင်ကြုံခဲ့ရသော လူငယ်များက ပြောသည်။

“ဖောင်တင်ဖို့စောင့်နေတဲ့လူတွေထဲကမှလူငယ်၁၀ယောက်လောက်ကို ဖမ်းသွားတယ်ပြောပါတယ်။ ဖမ်းတာကိုမျက်မြင်ကိုယ်တွေ့မတွေ့ရတဲ့အတွက်confirm ဖြစ်၊မဖြစ်အတိအကျ​တော့မပြောနိုင်ပါဘူး”ဟု အထက်ပါ လူငယ်က ဆက်ပြောသည်။

ဖမ်းဆီးခံရသည့်ဖြစ်စဥ်မှာ လျှောက်လွှာမရောင်းပေးတော့ကြောင်း MAJA မှ အသိပေးချိန်တွင် တန်းစီနေသည့်လူငယ်အချို့ ပြန်သွားကြသော်လည်း အများစုမှာ မပြန်သေးဘဲ ဖောင်ရောင်းမည့်အပေါက်ဝရှေ့သို့ အရောက်သွားကာ ဆွဲပိတ်ထားလိုက်သော ခြံဝင်းတံခါးအား ကန်ကြောက်ခြင်း၊ ရေသန့်ဘူးများ၊ ခဲလုံးများဖြင့်ပစ်ပေါက်က တံခါးဖွင့်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြကြောင်း ကိုယ်တိုင်ပါဝင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ခဲနဲ့ထု ရေသန့်နဲ့ ဗူးပစ်တော့ သူတို့က ဟုတ်ပြီ တန်းစီ ဝေပေးမယ်ဆိုပြီး ပြန်စီခိုင်းပြီး မကြာမှီ ရဲနဲ့စစ်သား ရောက်လာတာပဲ။ အကုန် ဝရုန်းသုန်းကားပြေးရတာ။ မိတဲ့လူဆွဲဖမ်းသွားတာ”ဟုအထက်ပါအမျိုးသမီးကပြောသည်။

MAJA ၏ခေါ်ဆိုမှုကြောင့် ရောက်ရှိလာသော ရဲနှင့်စစ်သားများက တန်းစီနေသောလူငယ်များအား မိရာလူစွဲဖမ်းရာ ဖမ်းဆီးမခံရရေးသူ့ထက်ငါ ထွက်ပြေးကြရာ ခြေထောက်ချော်လဲကျပြီး တံတောင်ဆက်များပါ ပွန်းရှဒဏ်ရာရခဲ့သည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြော သည်။

၎င်းဆိုလျှင် N4 လျှောက်လွှာဝယ်ယူနိုင်ရေးအတွက် မနက် ၃ နာရီကတည်းက ထလာရပြီး ရုံးရှေ့သို့ရောက်ချိန်တွင် အခြားသူများ တန်းစီနေကြသည်ကိုတွေ့ရကြောင်း ထပ်မံရှင်းပြသည်။

“အရမ်းယုတ်မာကြတယ်။ နယ်ကလူတွေက ပိုနာကျည်းတာပေါ့။ မာရှယ်လော(ညမထွက်ရအမိန့်) လွတ်အောင်လာရသေး။ ညီမ‌ဆို မိုးရေထဲ ခုံလေးချပြီး တစ်ကိုယ်လုံးလုံးစိုရွှဲလို့။ ခုံတောင်ပြန်ပါမလာဘူး”ဟု ယင်းအမျိုးသမီးကအ​တွေအကြုံကို​ပြောသည်။

အထက်ပါ N4 လျှောက်လွှာမှာ ဂျပန်နိုင်ငံသို့သွား ရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် အရေးပါသည့် အရည်အချင်းစစ်အောင်လက်မှတ်ဖြစ်ပြီး ဂျပန်နိုင်ငံရှိ လုပ်ငန်းတော်တော်များများမှ အသိအမှတ်ပြုကြောင်း သိရသည်။ Net Test နှင့် Top J တို့ကဲ့သို့ ဂျပန်သွားရောက်နိုင်မည့် စာမေးပွဲဖြေဆိုခွင့်များရှိသော်လည်း JLTP မှစစ်ဆေးသော N1 မှ N5 စာမေးပွဲအောင်လက်မှများမှာ ပို၍အရေးပါကြောင်း ဂျပန်သွားရောက်မည့်သူ့များက ပြောဆိုကြသည်။

“Online က တင်ကြည့်ရမှာပေါ့။ မရရင် top J ဘာညာ ဖြေရမယ်”ဟု အထက်ပါအမျိုးသမီးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ရန်ကုန်ပညာရေးတက္ကသိုလ် မှာ လျှောက်လွှာရောင်းချပေးတာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီ လောက်မှာ လာရောက်တန်းစီသူ ဦးရေ ငါးထောင်လောက်ရှိလာကာ လူစုလူဝေး ဖြစ်လာ လို့ လျှောက်လွှာရောင်းတာကို ရပ်ဆိုင်းလိုက်ရတယ်လို့ စာမေးပွဲကျင်းပရေးကော်မတီက ဆိုထားပါတယ်။

သတင်း

လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။

သတင်း

ခြင်္သေ့စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ဥကရစစ်ထစခန်းတိုက်ပွဲအတွင်း ခြင်္သေ့စစ်ကြောင်းဘက်က ရဲဘော်နှစ်ဦးဟာ နွေဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ခြင်္သေ့စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် မွန်းလွဲ ၂နာရီခန့်က ရမည်းသင်းမြို့နယ်၊ အင်တိုင်း ကျေးရွာအနီးရှိ လင်းယုန်နက် ဦးဆောင်သည့် ​Y-PDF Yamethin ယာယီစခန်း အား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည်။