Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို

ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။

သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို
သုံးထပ်ကွေ့အနီး တစ်နေ့လုံးတိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်က အထိအခိုက်များစွာနဲ့ ဆုတ်ခွာသွားတယ်လို့ဆို

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးနေရာတစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဒီနေ့တစ်နေ့လုံး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုများပြားစွာနဲ့ ပြန်ဆုတ်ခွာသွားရတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ်(၅)ရက် မနက်(၈)နာရီကျော်ခန့်ကစပြီး မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ နေရာတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေတရစပ်ပစ်ခတ်ခဲ့ပြီး အင်အားအလုံးအရင်းနဲ့ ကျူးကျော်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။

ဒီကနေ့တိုက်ပွဲမှာတော့ ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်နှစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထိတွေ့တိုက်ပွဲများ ဆက်ရှိနိုင်၍ ပြည်သူများအနေဖြင့် ကျောက်ထု - ထီးလင်းလမ်းပိုင်းအား လုံးဝ(လုံးဝ)အသုံးမပြုကြပါရန် ကျောက်ထု PDFက သတိပေးမေတ္တာရပ်ခံခဲ့သည်။

သတင်း

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာကို ယမန်နေ့သြဂုတ်လ၄ရက်နေ့ကအကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ရဟန်းသံဃာအယောင်ဆောင်များဖြင့် ဝင်၍ ပြည်သူ ၂၇ ဦးခန့် ဖမ်းဆီးထားကြောင်း မြိုင်ပ.က.ဖက အသိပေးထားသည်။

သတင်း

ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

သတင်း

ဇွန်လကုန်တွင် ဥကရစ်ထ စစ်ကောင်စီစခန်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည်ကော်ဘရာစစ်ကြောင်းရှိရာ မြ၀တီ - ဝေါ်လေလမ်း တလျှောက် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။