Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်တွင်တရားလွှတ်​တော်​ရှေ့​နေတစ်ဦးအိမ်အတွင်းမှာပင်အသတ်ခံရ

ဦးဖြိုးသွင် မိသားစုပိုင် ငွေကြေးအချို့နှင့်ဖုန်းတစ်လုံးကိုပါ နေအိမ်ဖောက်ထွင်းခိုးယူသူက ယူသွားသည်ဟု သိရသည်။ ၎င်းသည်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။

(​နေအိမ်အတွင်းမှာပင်အသတ်ခံခဲ့ရ​သော ဦးဖြိုးသွင်။ ဓါတ်ပုံ-CJ)
(​နေအိမ်အတွင်းမှာပင်အသတ်ခံခဲ့ရ​သော ဦးဖြိုးသွင်။ ဓါတ်ပုံ-CJ)

ပုသိမ်မြို့တွင်တရားလွှတ်တော်ရှေ့နေတစ်ဦးနေအိမ်အတွင်းအသတ်ခံလိုက်ရကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် နေထိုင်သော အသက် ၈၀ခန့်အရွယ်ရှိတရားလွှတ်တော်ရှေ့နေဦးဖြိုးသွင်သည် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် နေအိမ်အတွင်းသေဆုံးနေသည်ကို မိသားစုဝင်များက ယနေ့(သြဂုတ်လ ၅ရက်) နံနက်လေးနာရီခန့်တွင်တွေ့ရှိခြင်းဖြစ်သည်။

” ဦးဖြိုးသွင်က အရိုက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ လည်ပင်းကိုလည်း လျှပ်စစ်ပေါင်းအိုးကြိုးနဲ့ ပတ်ထားခဲ့တာတွေ့တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

နေအိမ်အတွင်း ဖောက်ထွင်းခိုးယူသူက သတ်ဖြတ်သွား​ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဦးဖြိုးသွင် မိသားစုပိုင် ငွေကြေးအချို့နှင့်ဖုန်းတစ်လုံးကိုပါ နေအိမ်ဖောက်ထွင်းခိုးယူသူက ယူသွားသည်ဟု သိရသည်။ ၎င်းသည်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်သည်ဟုလည်း ဒေသခံများကပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အစောပိုင်းမှာ ထောက်လှမ်းရေးဌာန အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးက ထုတ်ပယ် ခံရပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇီလန်စကီးရဲ့ ထိပ်တန်း အကြံပေး အရာရှိ အန်ဒရီ ဆီမာနော့ဗ်ကတော့ အဲဒီ အရာရှိ နှစ်ဦးဟာ စုံစမ်းစစ်ဆေး ခံနေရပြီး လောလောဆယ် ရာထူး တာဝန်တွေကနေ ယာယီ...

သတင်း

မန္တလေးမှာ စစ်အုပ်စုဟာ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။

သတင်း

အိုးဘိုထောင် တရားခွင်ကနေ အပြန် မှာ ဖမ်းခံရသူတွေ ထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေ ပါဝင်သလို ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ရှေ့နေ ၃ ဦး ထောင်တွင်းတရားရုံးကအပြန် ဖမ်းခံလိုက်ရပါသေးတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။